"Yeol ရေ....Yeollie...."
ရေချိုးခန်းထဲကို ခေါင်းလေးပြူဝင်လာပြီး
လက်ယက်ခေါ်နေတာကြောင့်
လက်ဆေးနေတာကိုအမြန်လက်စသတ်ပြီး
သူ့ဆီသွားလိုက်တယ်....။"လက်လေးတောင် ဝင်ဆေးလို့မရအောင်ထိ
ကိုယ့်ကိုမျက်စိရှေ့ကအပျောက်မခံပါလား Baby ရဲ့ဟင်""Yeol~ မင်းရဲ့မဟုတ်တမ်းရားဇာတ်လမ်းတွေ တော်!
ဒီမှာ အကောင်းမေးမလို့ဟာ....ခဏနေ The Station
သွားစရာရှိတယ်လေ...အဲ့ဒါဘာဝတ်သွားရမလဲ"အဝတ်ဗီဒိုကြီးရှေ့ မျက်မှောင်ကြီးကြုတ်ပြီး
လှမ်းမေးနေသော BHyun ကိုအသည်းယားစွားပဲ
ကြည့်နေမိသည်။"ဟိုနေ့က ကိုယ်ဆင်တူဝယ်ပေးခဲ့တဲ့ Nike ဘောင်းဘီ
ရှိတယ်မလား...အဲ့ဒါလေးဝတ်သွားလေ...""ဘာလို့ Couple တွေပဲ ခဏတိုင်းထုတ်ဝတ်ခိုင်းနေတာလဲ အရမ်းသိသာလွန်းနေပြီမထင်ဘူးလား"
"သိသာပါ့စေပေါ့ ဘာဖြစ်လဲ....
ဘယ်သူ့ကိုကြောက်နေတာလဲ Fearless Byun ရဲ့"ထိုအခါကျမှ အင်းနော်ဟုခပ်တိုးတိုးရေရွတ်လာပြီး
Tee တစ်ထည် ,Nike ဘောင်းဘီကို
ထုတ်လာပြီး ရေချိုးခန်းထဲဝင်သွားလေတယ် ။အဝတ်လဲပြီးပြန်ထွက်လာတော့
မြင်တွေ့နေရသော ခြေချောင်းဖွေးဖွေးလေးကအသည်းယားဖွယ်။"အဲ့ဒါက မင်းနဲ့မှ ပိုတိုနေသလိုပဲ Hyun"
"သူပဲဝတ်ခိုင်းပြီး .... အမျိုးမျိုးလုပ်မနေနဲ့..
မဟုတ်လဲအခုတလော အတိုတွေဝတ်ဖြစ်နေတာပဲ""နေပါဦး...စိတ်မချပါဘူး...ဒီကိုလာ"
ကုတင်ဘေးကိုအတူယှဉ်တွဲထိုင်ခိုင်းလိုက်ပြီး
အိစက်နေသော ပါးပြင်တစ်ဖက်ကို အနမ်းတစ်ဖက်ခြွေလိုက်သည်။"ကိုယ်ကအရမ်းဆွဲဆောင်မှုရှိတယ်မလား Baby"
"ရုတ်တရက်ကြီး ဘာတွေထပြောနေတာလဲ
မင်းကတစ်ကယ်လိပ်ပဲသိလား ငါတွေ့ဖူးသမျှ
လူတွေထဲ မင်းလောက် ကိုယ့်ဘက်ကိုယ်ယက်တာမျိုးမတွေ့ဖူးသေးဘူး"

YOU ARE READING
ChanBaek One Short Collection
Randomရေးခဲ့ဖူးသမျှ နှင့် ထပ်မံရေးမည့် One Short များ ♡