Destiny

3K 281 9
                                    

"ဟိုမှာ မင်း​ကောင်​​လေး"

Yixing စကား​ကြောင့်နောက်​ကို
လည်​ပြန်​ကြည့်လိုက်​မိ​တော့
သူ့မူပိုင်​ပုံစံ​အတိုင်း ပြုံးပြုံးရွှင်​ရွှင်​နဲ့
ကျွန်​​တော်​တို့ရှိရာကိုတန်းတန်းမတ်​မတ်​
လျှောက်​​လာ​နေတဲ့ Baekhyun....။

Byun BaekHyun....
တက္ကသိုလ်​​နောက်​ဆုံးနှစ်​ကတည်းက
ကျွန်​​တော့်ကို သ​ဘောကျပါတယ်​လို့ဖွင့်ပြောပြီး
​နောက်​ကတစ်​​ကောက်​​ကောက်​လိုက်​​နေတာ
ခုဆိုတစ်​နှစ်​​တောင်​ ​ကျော်​​တော့မယ်​...။

ပုံစံမျိုးစုံနဲ့ငြင်းလွှတ်​တာ​တောင်​
ဘယ်​လိုမှ လက်​မ​လျှော့တဲ့အဆုံး...
သူကပဲလက်​​လျှော့ပြီး ဥ​ပေက္ခာပြုလိုက်​ရတယ်​...။

အခုလည်းစိတ်​ညစ်​လို့ ဂိမ်းဆိုင်​ဝင်​ထိုင်​​နေကာမှ
ဘယ်​က​နေဘယ်​လိုသိပြီး​ရောက်​လာတယ်​မသိ...။

သက်​ပြင်းတစ်​ခုကိုသာ​ လေး​လေးပင်​ပင်​ချပြီး
​ဆော့လက်​စဂိမ်းဆီမှာပဲ အာရုံပြန်​ထားလိုက်​တယ်​။

ဝင်​လာတာကိုသာမြင်​ရပြီး
အနား​ရောက်​လာတာမျိုးမရှိတာမို့
ဟိုဟိုဒီဒီမျက်​လုံး​ဝေ့လိုက်​​တော့
ဆိုင်​ရဲ့အလယ်​နားတစ်​​နေရာမှာ ကျကျနနထိုင်​ပြီး
ဂိမ်း​ဆော့​နေတယ်​။

"ဘာလို့ သူ့ကိုစိတ်​ဝင်​စား​နေတာလဲ"

သူ့ဆီကိုကြည့်နေရင်း ​
Yixing ရဲ့​ပြောစကား​ကြောင့်
တွန့်ထားတဲ့မျက်​​မှောင်​ကိုပိုပြီးကျုံ့လိုက်​ရင်း
မဲ့တဲ့တဲ့အပြုံးတစ်​ခုကိုပါ တပ်​ဆင်​လိုက်​မိ၏...။

"ငါက ဘယ်​တုန်းကစိတ်​ဝင်​စားလို့လဲ"

"မင်းအခုစိတ်​ဝင်​စားလို့ပဲ သူ့ကိုကြည့်နေတာ
မဟုတ်​ဘူးလား"

"နားစမ်းပါ Xing ရာ..အဲ့အရှုပ်​ထုပ်​အနား
ရောက်​မလာလို့ လှမ်းကြည့်တာဒါပဲ ဘာစိတ်​ဝင်​စားမှုမှ ရှိစရာ ​အ​ကြောင်း​​မရှိဘူး"

"အနား​ရောက်​လာ​စေချင်​တာလား"

ဂိမ်းကမှ ရှုံး​နေပါတယ်​ဆို...​
ဘေးနားက​နေ​ဒေါသစိတ်​ကိုဆွ​ပေး​နေတာမို့
ဆွဲထိုးပစ်​ချင်​စိတ်​​တွေ​တောင်​​ပေါ်လာရတယ်​။

ChanBaek One Short Collection Where stories live. Discover now