Zawgyi
P'Yoneကပြောတယ် ခါတိုင်းည၈နာရီလောက်ဆို ခြံထဲမှာတိတ်ဆိတ်နေတတ်ပြီတဲ့ ဒါပေမဲ့ဒီညလေးကိုတော့ ကျွန်တော်တို့အဖွဲ့ရဲ့စကားသံလေးတွေနဲ့ တိတ်ဆိတ်မှုဆိုတာကို ဖြိုခွင်းလိုက်ကြတယ် ကျွန်တော်တို့ရဲ့ တယောက်တပေါက်စကားသံလေးတွေ မတတ်တခေါက်တီးဆိုနေကြတဲ့ ဂစ်တာသံလေးတွေသီချင်းသံလေးတွေက ပျော်ရွှင်မှုဆိုတာတွေကို ဖန်တီးပေးတယ်လေ.....
ပြီးတော့ချမ်းစိမ့်စိမ့်ညချမ်းမှာ Kongရဲ့မျက်နှာမှာ ပေါ်လာတဲ့ အပြုံးပန်းလေးတွေကလည်း ကျွန်တော့်ရင်ထဲ နွေးထွေးမှုဆိုတာလေးကို ဖန်တီးပေးတာတော့အမှန်ပေ။
Arthit : ဒီနေရာလေးက သိပ်ကိုအေးချမ်းတာဘဲနော်Kong
ကျွန်တော်ပြောလိုက်တော့ သူ့ရဲ့နှစ်လိုဖွယ်အပြုံးလေးနဲ့ ကျွန်တော့်ကိုကြည့်လာတယ်...
Kongpob : အမှန်ဘဲဗျ ဒါပေမဲ့ ဒီအေးချမ်းမှုက P'I Aoonရဲ့တောက်ပတဲ့ အပြုံးလေးနဲ့ရယ်သံလေးကိုတော့ ဘယ်မှီပ့ါမလဲ...
Kongpobရဲ့ မထိတထိပြောလိုက်တဲ့ စကားလေးကြောင့် Arthitလေးရဲ့ ပါးပြင်နှစ်ဖက်က နီမြန်းမြန်းအရောင်လေး အဖြစ်ကိုပြောင်းလဲသွားတယ်လေ
>>>
ကျွန်တော်တို့အဖွဲ့တွေလည်း ဒီတညခင်းလုံး အပေါ်ဆုံးထပ်ရဲ့အရှေ့ဘက်ဝရံတာကျယ်ကြီးရဲ့ ခုံတန်းရှည်ကြီးမှာထိုင်ပြီး စကားတွေပြောဖြစ်ကြတယ်။
စကားပြောနေကြရင်းနဲ့ဘဲ Romeက P'Bright ရဲ့ပုခုံးထက်မှာအိပ်ပျော်သွားတော့...Bright : ဟေးးးဟေး ကိုယ့်လူတို့ ဒီမှာ ငါ့ကလေးငိုက်နေပြီ ငါလည်းသွားအိပ်တော့မယ်
Arthit : အေးအေး သွားအိပ်တော့
Yone : P'လည်းသွားအိပ်တော့မယ် မင်းတို့လည်း နားလိုက်ကြတော့လေနော်
YOU ARE READING
Love In The Heart ❤❤
FanfictionZawgyi&Unicode Singto နဲ့ Arthit Fic လေးပါ ရေးတာ သိပ်မကြာသေးလို့ အမှားတွေပါလာရင် နားလည်ပေးကြပါလို့ ♥ Singto နဲ့ Arthit Fic လေးပါ ရေးတာ သိပ်မကြာသေးလို့ အမှားတွေပါလာရင် နားလည်ပေးကြပါလို့ ♥