Zawgyi
လက်ဖက်ခင်းတို့အားဖြတ်လာသော လေပြေအေးလေးသည်ကား တအားလတ်ဆတ်လွန်းလှသည် ။ ကျွန်တော်တို့အဖွဲ့သည်လည်း လက်ဖက်ခြံကနေ ပြန်ကြပြီလေ ။ အခုကတော့ ဆိုင်ကယ်ကိုယ်စီနှင့် Chaing Mai မြို့ထဲလည်ကြပတ်ကြနဲ့ပေါ့ ။
လည်ကြပတ်ကြရင်းပင် နေတောင်အတော်မြင့်လာပြီလေ ။ ဒီကရာသီဥတုကတော့ အမြဲတမ်း အေးစိမ့်စိမ့်လေးပါဘဲ ။ ကျေးလက်ရဲ့အနှစ်သာရကို အပြည့်အ၀တော့ ခံစားနိုင်တယ်လေ ။ ကျွန်တော့်ရဲ့ P'I Aoon လေးကတော့ သိပ်ကိုတောက်ပပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးတပွင့်ကိုပန်ဆင်ထားတာပေါ့ ။ ကျွန်တော်တို့လည်းညနေကျရင် Sunday Walking Streetကိုလည်ကြမည်ဖြစ်တာကြောင့် အခုတော့နေလည်စာအတွက် လိမ္မော်ခြံကိုသာပြန်လာခဲ့လိုက်ကြတယ်လေ ။
>>>
ညနေခင်းတခုရဲ့ဆည်းဆာချိန်.....
ကျွန်တော်တို့ လိမ္မော်ခြံထဲကသစ်သားအိမ်ကလေးရဲ့ အပေါ်ဆုံးထပ်ဝရံတာမှာပေါ့ ....
ခုံတမ်းရှည်လေးမှာထိုင်ကာ မြင်ကွင်းရှေ့က ၀င်းဝါနေသော လိမ္မော်ခင်းလေးကို ကြည့်ကာ ပြုံးရွှင်နေတဲ့P'ရဲ့အရိပ်ယောင် ကို ကျွန်တော်မှင်သက်စွာ ပင်ငေးမောနေမိတယ် ။ သိပ်ကိုတောက်ပအသက်ဝင်လွှန်းတဲ့အပြုံးလေးဘဲလေ ။ ဒီက Kongpobဆိုတဲ့ ကျွန်တော့်ရဲ့နှလုံးသားကို သိမ်းပိုက်ထားတဲ့ ကျွန်တော့်ရဲ့ P'I Aoon ဆိုသောသူ အမောင် Arthitကို ကျွန်တော်နောက်ကနေပြီး ခါးလေးကို အသာအယာဖက်လိုက်တော့ သူ့အသံချိုချိုလေးနဲ့ကျွန်တော့်ကိုမေးလာတယ် ။
Arthit : P'ကို သိပ်ချစ်တာဘဲလား Kong
ဒီလိုလေးချစ်စရာကောင်းအောင်မေးနေမှတော့ ကျွန်တော်လည်း P'ရဲ့ ပျော့ပြောင်းနူးညံ့လွန်းလှတဲ့ ဆံနွယ်လေးအား နှာခေါင်းလေးဖြင့် မြတ်နိုးလွန်စွာ နမ်းရှိုက်လိုက်ရင်းပင်.....
Kongpob : ကျွန်တော် P'IAoonကို သိပ်ချစ်တယ်
အခုလို P'နဲ့အတူရှိနေချိန်လေးတွေကို ကျွန်တော်သိပ်မြတ်နိုးတယ်ဒီမြင်ကွင်းကို အဝေးကလှမ်းကြည့်နေတဲ့ သူငယ်ချင်းတို့သည်လည်း ကြည်နူးခြင်းတို့က အပြည့်ပင် ကူးစက်လျက်.....
YOU ARE READING
Love In The Heart ❤❤
FanfictionZawgyi&Unicode Singto နဲ့ Arthit Fic လေးပါ ရေးတာ သိပ်မကြာသေးလို့ အမှားတွေပါလာရင် နားလည်ပေးကြပါလို့ ♥ Singto နဲ့ Arthit Fic လေးပါ ရေးတာ သိပ်မကြာသေးလို့ အမှားတွေပါလာရင် နားလည်ပေးကြပါလို့ ♥