Final (Z/U)

3.5K 148 26
                                    

Zawgyi

ဒီနေ့တော့ ကျွန်တော်တို့နှစ်အိမ်လုံး အလုပ်တွေရှုပ်နေကြသည် ။ မနက်တည်းက ခန်းမသို့သွားရန် ပြင်ကြဆင်ကြနှင့်ပေါ့ ။
မင်္ဂလာအချိန်သည် မနက် ၁၀နာရီမှဖြစ်သည် ။ ကျွန်တော့်မှာ အခုထိ P'I Aoonရဲ့မျက်နှာလေးအား တွေ့ခွင့်မရသေး ။
မားတို့က မင်္ဂလာခန်းမရောက်မှ ပေးတွေ့မည်ဟုသာပြောနေကြသည် ။
ကျွန်တော်တို့ မင်္ဂဆောင်ကိုအကျဉ်းရုံသာ ပြုလုပ်ရန်စီစဉ်ထားသည် ။ ရင်းနှီးသူတချို့လောက်နှင့် သူငယ်ချင်းများကိုသာ ဖိတ်ကြားထားသည် ။

ကျွန်တော်ရင်ခုန်လွန်းလို့ လက်ဖျားများပင်အေးစက်နေသည် ။ ယနေ့မှစတင်၍ ကျွန်တော်တို့နှစ်ယောက် ဘ၀တစ်ခုကို အတူတကွပေါင်းစည်းနိုင်ပေတော့မည် ။ ပျော်ရွှင်မှုတို့က အတိုင်းမသိ ။

မင်္ဂလာချိန်နီးလာလေ... ပျော်ရွှင်မှု ရင်ခုန်မှုတို့က အတိုင်းမသိပေ ။

နားနေခန်း၌ ထိုင်နေသော ကျွန်တော့်ရဲ့ P'I Aoonရှိရာသို့ အပြေးလေးသွားခဲ့သည် ။

ပိတ်ထားသော အဖြူရောင်တံကားကြီးအားဖွင့်လိုက်သည်နှင့်ပင်.....

အခန်းပတ်လည်သည်ကား အဖြူရောင်သုတ်ဆေးများဖြင့်အလှဆင်ထားသည် ။ တ၀ဲဝဲလွင့်ပျံနေသော ဇာဖြူရောင်လိုက်ကာစတို့အကြား နောက်တိုင်းဝတ်စုံ ဖြူဖြူအားဆင်မြန်းထားသော ကျွန်တော့်ရဲ့ P'IAoon ။ လည်ပင်း၌ ၀တ်ဆင်ထားသော အနက်ရောင်ဖဲပြားနက်တိုင်ကလေးက P'အား တစ်မျိုးလေးပိုချစ်ဖို့ကောင်းစေသည် ။ နုနယ်ဖြူဝင်းလှသော မျက်နှာထက်၌ အပြုံးချိုချိုလေးတစ်ခုက ကျွန်တော့်အား အသက်ရှုပင်မှားစေသည် ။ ရှက်သွေးဖြာနေသော ပါးကလေးနှစ်ဖက်မှာ ရဲကာနေသည် ။ P'လည်း စိတ်လှုပ်ရှားနေ၍ထင်သည် လက်ကလေးနှစ်ဖက်အား ဆုပ်ကိုင်ထားသည် ။

စိတ်လှုပ်ရှားနေသော P'ကို စိတ်တည်ငြိမ်ရန်အလို့ငှာ ကျွန်တော့်၏နွေးထွေးသော အနမ်းတပွင့်အား P'၏နဖူးပြင်ထက်၌ ခြွေလိုက်သည် ။

ငွေရောင်တလက်လက်ထနေသော မီးဆိုင်းများဖြင့်အလှဆင်ကာထားသည် ။ လျှောက်လမ်းတစ်ခုလုံးကို နှင်းဆီဖြူများခင်းကာ ခန်းမတစ်ခုလုံးအား နှင်းဆီရနံ့များဖြင့် လတ်ဆတ်နေစေသည် ။ လျှောက်လမ်းအဆုံးတွင် ထော်ပနာစကားခြွေမည့်ပုဂိုလ်တစ်ဦးက ရပ်နေလေသည် ။ နံနက် ၁၀နာရီ ဒေါင်ခနဲမြည်ချိန်၌ ကျွန်တော်တို့နှစ်ယောက် လက်ချိတ်ကာ ခန်းမတွင်းသို့ဝင်ခဲ့ကြသည် ။

Love In The Heart ❤❤Where stories live. Discover now