Part 10 (Z/U)

1.9K 106 12
                                    

Zawgyi

ယာဉ်ကြီးယာဉ်ငယ် အသွယ်သွယ်တို့၏ ဆူညံသံတို့ဖြင့် ပြည့်နှက်နေသော Bangkokမြို့ကြီးသို့ ကျွန်တော်တို့ပြန်ရောက်သည်မှာ တပတ်ပင်ကြာခဲ့ပြီ ။ နောက်တပတ် အင်္ဂါနေ့ဆို ကျွန်တော် Japanတွင်ကျောင်းသွားတက်ရတော့မည် ။ ယခုလည်း P'နှင့် ကျွန်တော်တို့ Centerသို့ လိုအပ်သည့်ပစ္စည်းတို့အား ၀ယ်ရန်ထွက်လာခဲ့ကြသည် ။
Centerတွင် ၀ယ်စရာပစ္စည်းက အများအပြားတော့လည်းမဟုတ် အနည်းကျင်းလောက်သာ ။
အခုတော့ ကျွန်တော့်ရဲ့ P'က ဗိုက်ဆာနေတာမို့ စားသောက်ဆိုင်ရှာပုံတော် ထွက်ခဲ့ကြသည် ။ သို့သော်လည်း Centerထဲကဆိုင်ကို မကြိုက်တတ်တာမို့ ဘေးကလမ်းထဲမှာဘဲ အသစ်ဖွင့်ထားတဲ့ဆိုင်အသစ်သို့ သွားခဲ့ကြသည် ။

တစ်ဆိုင်လုံးကို သစ်လုံးကလေးများဖြင့်အလှဆင်ထားသော နှစ်ထပ်ဆိုင်ကလေးသို့.....

အေးချမ်းလှသည့် အသွင်ပြင်ရှိတဲ့အတွက် ကျွန်တော်တို့၂ယောက်လုံး ဒီဆိုင်တွင်သာ ထိုင်ဖြစ်သွားကြတယ် ။

ကျွန်တော့်ရှေ့တွင် တုံယမ်းခေါက်ဆွဲအား မြိန်ရှက်စွာပင် ပလုတ်ပလောင်းနှင့်စားနေသော P'ရဲ့ပုံကလေးက တကယ့်ကိုကလေးငယ်လေးအတိုင်းပင် ။ ပါးဖောင်းဖောင်းကလေးကလည်း P'ရဲ့ဆွဲဆောင်မှုတွေထဲက တစ်ခုမဟုတ်လား ။ ပန်းနုရောင်နှုတ်ခမ်းတ၀ိုက်တွင်လည်း ဆီများကဝေ့နေသဖြင့် ဖူးဖူးကလေးပင်ဖြစ်နေသေးသည် ။
ကျွန်တော်က သူ့မျက်နှာကို စိုက်ကြည့်နေတာကြောင့် ရှက်သွေးဖြာနေသည့်အပြင် တုံယမ်းရဲ့အစပ်ကြောင့်လည်း ဖောင်းအိနေသော ပါးကလေးနှစ်ဖက်အပြင် နှာခေါင်းကလေးကပါ နီထွေးလျက် ။

Kong : ဖြေးဖြေးဘဲ စားပါ P'

Arthit : ဒီဆိုင်က တော်တော်လေး စားကောင်းတယ်
ငါ့အကြိုက်တွေချည်းဘဲ

Kong : ဒါဆို ဒီဆိုင်ကိုခေါ်လာတဲ့ ကျွန်တော်ကရော...

ကျွန်တော့်ကို မျက်လုံးအ၀ိုင်းသားကလေးနှင့် တချက်စောင်းကြည့်ကာ ကြက်သားလုံးတစ်ခုလာခွံ့ပေးနေသည် ။

Arthit : ဘာလို့ပြုံးစိစိဖြစ်နေတာလဲ မစားဘူးလား

Kong : အမ်း...စားမယ်...😁😁

Love In The Heart ❤❤Tempat cerita menjadi hidup. Temukan sekarang