Zawgyi
Chaingmaiခရီးစဉ်ရဲ့ နောက်ဆုံးညချမ်းဖြစ်တာမို့ ကျွန်တော်တို့အားလုံးလည်း P'Yoneရဲ့ လိမ္မော်ခြံထဲမှာ နှုတ်ဆက်ပွဲကျင်းပဖြစ်တယ်လေ ။ ဒီတပတ်တာကာလအတွင်းလေးမှာဘဲ ကျွန်တော်နဲ့ P'IAoonရဲ့ နှလုံးသားထဲက ရစ်ပတ်ချည်ထားတဲ့ ချစ်ခြင်းသံယောဇဉ်က ဘယ်လောက်တောင် နက်ရှိုင်းတည်မြဲနေသလဲဆိုတာကိုလည်း သိခဲ့ရတယ် ။ ကျွန်တော်တို့၂ယောက်ရဲ့ ပထမဆုံးခရီးဖြစ်သလို ကျွန်တော်တို့ရဲ့အချစ်တွေကို ဖွင့်ဟ၀န်ခံခဲ့တဲ့ ခရီးလေးဆိုရင်လည်းမမှားဘူးမဟုတ်လား ။
>>>
ညချမ်းရဲ့ နူးညံ့တဲ့လေပြေလေးကိုခံစားရင်း ကြယ်တွေစုံနေတဲ့ကောင်းကင်ကြီးရဲ့အောက် ထိန်ထိန်သာနေသောလမင်းကြီးအား ဦးတင်ထားလျက် ခြံဝန်းရဲ့ကွင်းပြင်ကျယ်ကျယ် တစ်နေရာ၌ .....
အသားကင်တို့၏ မွှေးရနံ့တို့ကလည်း ပျံ့လွင့်နေသည် ။ လိမ္မော်ခြံပေမို့ လတ်ဆတ်သော လိမ္မော်ဖျော်ရည်တို့ကလည်း အသားကင်တို့နှင့် လိုက်ဖက်လွန်းကာ ပနံသင့်လှသည် ။ အချိုမုန့်ရောင်စုံတို့ကလည်း စားပွဲနှင့် အပြည့်ပင် ။
တဖိတ်ဖိတ်တငွေ့ငွေ့တောက်လောက်နေတဲ့မီးပုံကြီးအား ၀န်းရံလျက်ထိုင်၍ဂစ်တာတီးသူကတီး သီချင်းဆိုသူကဆိုနဲ့ပေါ့ လူငယ်တွေချည်းမို့ လွတ်လပ်တဲ့ခံစားမှုကိုတော့ အပြည့်အ၀ပင်ခံစားနိုင်သေးသည် ။ တအောင့်လောက်ကြာတော့ Romeက ပါဆယ်ဂိမ်းကစားဖို့ အစချီလာတာကြောင့် ကျွန်တော်တို့လည်း လိုက်ဆော့ဖြစ်ကြတယ် ။ တကယ်တမ်း ဒီဂိမ်းကပျော်စရာကောင်းသလို ကျွန်တော်တို့ကြားက ခင်မင်ရင်းနှီးမှုတွေကိုလည်း သာ၍ပင်တိုးလာစေတယ်လေ ။
အရင်ကလည်း ဒီလိုဂိမ်းမျိုးကစားဖူးပေမဲ့ အခုနှင့်တော့ ခံစားချက်တို့ကမတူဘဲ ကွဲပြားနေသလိုပင် ။ ပိုပြီးပျော်ရွှင်ရသည် ။ ပါဆယ်ထုတ်က ကိုယ့်လက်ထဲရောက်လာချိန် သီချင်းရပ်သွားမည်ကို စိုးရိမ်သည်ထက် ပေါက်ကရရေးကာ ထည့်ထားသော မဲလိပ်တို့အားပို၍ စိုးရိမ်မိသည် ။ ဒီကြားထဲ ပါဆယ်ထုတ်လက်ထဲရောက်လာချိန်ဆို လန့်လန့်သွားမိသေး ။ ထိုသို့ပင် ပါဆယ်ထုတ်အား လက်ဆင့်ကမ်းရင်းလက်ဆင့်ကမ်းရင်း ပထမဆုံး P'Yoneလက်ထဲတွင် သီချင်းကရပ်သွားလေသည်။
သူကံထူးသွားတဲ့ မဲလိပ်က .... မျောက်ကဖြစ်နေသည်မို့ P'Yoneခမျာ အသက်ကိုယ်ပင် မငဲ့ဘဲ ကပြရလေပြီ ။ သူ့အချစ်ကလေး Naiကတော့ မှတ်တမ်းတောင်တင်ထားလိုက်သေးသည် ။ ကျွန်တော့်ရဲ့ P'IAoonသည်လည်း ပြောင်းဖူးကင်အား မြိန်ရှက်စွာပင် စားလျက် ပြုံးပျော်နေသည် ။ ကျွန်တော်ထင်သည် အကယ်၍သာ P'လက်ထဲပါဆယ်ရောက်ချိန်သီချင်းဆုံးသွားလျှင် ခပ်ထော်ထော်သူနှုတ်ခမ်းကလေးက ဘဲကလေးပမာဖြစ်နေပေဦးမည် ။ အခုတော့ ကံထူးရှုင်က P'Brightဖြစ်သွားပြီလေ ။ ယခုတော့မဲလိပ်ကလေးက P'Brightလက်ဝယ်ရောက်ရှိလာလေပြီ.....
YOU ARE READING
Love In The Heart ❤❤
FanfictionZawgyi&Unicode Singto နဲ့ Arthit Fic လေးပါ ရေးတာ သိပ်မကြာသေးလို့ အမှားတွေပါလာရင် နားလည်ပေးကြပါလို့ ♥ Singto နဲ့ Arthit Fic လေးပါ ရေးတာ သိပ်မကြာသေးလို့ အမှားတွေပါလာရင် နားလည်ပေးကြပါလို့ ♥