Chapter 9.2.3

13.7K 1.7K 39
                                    

"မင်းတို့ခေါင်းဆောင် သေတော့မယ်။ သွားကယ်ကြလေ!! ငါပြောတာကြားလား!! သူသေတော့မယ်ကွ!!!" လိန်ချွမ်းဟာ တစ်ယောက်ယောက်များ သူ့ကိုမြင်နိုင်၊ ကြားနိုင်မလားမျှော်လင့်ရင်း အဆောက်အဦးတစ်ခုလုံးကိုပြေးလွှားပြီး အသံတွေပြာလာတဲ့အထိ အော်ဟစ်အကူအညီတောင်းနေခဲ့တယ်။

သူဟာ သရဲတစ်ကောင်ဖြစ်တာမို့ မောပန်းတာတွေ၊ ဆာလောင်မှုတွေမရှိဘူး။ နောက်ဆုံးတော့ လိန်ချွမ်းဟာ အကူအညီတောင်းဖို့ကိုလက်လျှော့လိုက်ပြီး ခေါင်းငိုက်စိုက်ကျရင်း ဒေါက်တာပိုင်နားကိုပြန်လာခဲ့တယ်။ ပိုင်ဟာ ကြမ်းပြင်ပေါ်မှာ သတိမေ့နေဆဲဖြစ်ပြီး သူ့ပုံစံက အသက်ရှိသေးရဲ့လားဆိုတာတောင် မသေချာဘူး။ ရုတ်တရက် လိန်ချွမ်းတစ်ကိုယ်လုံး အားအင်တွေကုန်ခမ်းသွားသလိုပဲ။

လိန်ချွမ်း လက်ဆန့်လိုက်ပြီး ပိုင်မော့ဟန်အသက်ရှုနေသေးရဲ့လားဆိုတာကို စမ်းကြည့်လိုက်တယ်။ သူ့လက်တွေမှာ ဘာအထိအတွေ့မှ မခံစားမိပေမယ့်...။ လိန်ချွမ်း မျက်လုံးတွေနီရဲလာတဲ့အထိ ပိုင်မော့ဟန်ရဲ့ရင်ဘတ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိတယ်။ အသက်ရှုနေသေးရင် ရင်ဘတ်ကတော့ အနိမ့်အမြင့်လှုပ်ရှားနေရမယ်မဟုတ်လား။

ဒါပေမယ့် ပိုင်မော့ဟန်ဟာ အရမ်းအားနည်းလွန်းတာကြောင့် အသက်ရှုနေသေးလားဆိုတာတောင် မသေချာဘူး။ လိန်ချွမ်း ရင်ဘတ်တစ်ခုလုံး တင်းကြပ်နာကျင်လာတယ်။ လိန်ချွမ်းတစ်ကိုယ်လုံး အားတစ်စက်မှမရှိတော့သလို ကြမ်းပြင်ပေါ်အရုပ်ကြိုးပြတ်ထိုင်ချလိုက်ပြီး နံရံကိုမှီကာ ဒူးနှစ်ဖက်ပေါ် မျက်နှာအပ်ထားမိတယ်။

အခန်းထဲမှာ လူတစ်ယောက်ရယ်၊ ဝိဥာဉ်တစ်ကောင်ရယ်ဟာ အာရုဏ်တက်ချိန်အထိ ဘာလှုပ်ရှားမှုမှမရှိဘဲ ငြိမ်သက်နေခဲ့တယ်။

ကျိုးယွင်ရှန့်ဟာ ချောင်းတစ်ဟွတ်ဟွတ်ဆိုးရင်း သတိပြန်ရလာခဲ့တယ်။ ဦးနှောက်ကို အလွန်အကျွံအလုပ်ပေးမိခြင်းရဲ့အကျိုးဆက်ကြောင့် ခေါင်းက ဆယ်ပေါင်တူနဲ့အပြင်းအထန်ထုနှက်နေသလို ဆိုးဆိုးဝါးဝါးထိုးကိုက်နေခဲ့တယ်။ ကျိုးယွင်ရှန့်ရဲ့ဝိဥာဉ်စွမ်းအားသာလျော့နည်းမနေခဲ့ရင် ကာကွယ်ဆေးဖော်မြူလာတွက်ချက်မှုကို သူ တစ်ရက်ထဲနဲ့တောင် အပြီးတွက်နိုင်တယ်။

အမှောင်ထဲက [Face of the Devil]Nơi câu chuyện tồn tại. Hãy khám phá bây giờ