Chapter 9.4.1

14K 1.7K 78
                                    

ကျိုးယွင်ရှန့်ဟာ ပြင်းထန်တဲ့နာကျင်မှုတစ်ခုနဲ့အတူ နိုးထလာခဲ့တယ်။ တစ်စုံတစ်ရာက သူ့လက်တွေ၊ ခြေတွေကိုထိုးဖောက်ပြီး သူ့ရဲ့အသွေးအသားတွေကို လောဘတကြီးစားသောက်နေတယ်လို့ထင်ရလောက်အောင် နာကျင်မှုက ဆိုးဝါးလွန်းတယ်။ ကျိုးယွင်ရှန့်ဟာ ချက်ချင်းပဲ ဝိဥာဉ်စွမ်းအားကိုအသုံးပြုပြီး နှလုံးနဲ့ တခြားအရေးကြီးအင်္ဂါအစိတ်အပိုင်းတွေကို အလျှင်အမြန်ကာကွယ်လိုက်ရတယ်။ ထိုအခါမှပဲ နာကျင်မှုဟာ အတော်အတန်လျော့ပါသွားတော့တယ်။ ဒီအပြုအမူဟာ ကျိုးယွင်ရှန့်အနေနဲ့ အန္တရာယ်ပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပြီးနောက် ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ အလိုအလျှောက်ပြုလုပ်တတ်သွားတဲ့ အလေ့အကျင့်တစ်ခုပဲ။

ကျိုးယွင်ရှန့် အခုရောက်နေတဲ့နေရာက ကြယ်ပင်လယ်မှာမဟုတ်ဘူး။ သူသေခါနီးအချိန်တုန်းက အလွန်ပြင်းထန်တဲ့စွမ်းအားတစ်ခုဟာ သူ့ကိုရစ်ပတ်လိုက်ပြီး အချိန်နေရာ ကမောက်ကမဖြစ်မှုထဲကို သူ့ကိုဆွဲသွင်းခဲ့တယ်။ အဲ့ဒီစွမ်းအားက ပြင်းထန်တာတော့မှန်ပေမယ့် သူ့ကိုထိခိုက်စေတာမျိုးတော့မရှိခဲ့ဘူး။ အဲ့ဒီအပြင် မငြိမ်မသက်ဖြစ်နေတဲ့ သူ့ရဲ့ဝိဥာဉ်ကိုပါ နွေးထွေးသွားစေတဲ့ ခံစားချက်မျိုးကို ခံစားရတယ်။

အခု ကျိုးယွင်ရှန့်ရောက်နေတဲ့နေရာဟာ ညစ်ပတ်ပေရေနေတဲ့ အခန်းလွတ်တစ်ခုထဲမှာပဲ။ အခန်းဟာ ဘာအပြင်အဆင်၊ အသုံးအဆောင်မှမရှိပဲ လက်ရှိ သူလဲလျှောင်းနေတဲ့ ဆိုဖာတစ်လုံးပဲရှိတယ်။ မှတ်ဥာဏ်အပိုင်းအစတွေ သူ့ခေါင်းထဲကိုအလုအယက်တိုးဝင်လာတဲ့အချိန်မှာတော့ ကျိုးယွင်ရှန့်ဟာ နာကျင်စွာညည်းတွားလိုက်မိတယ်။

သူဟာ ပိုင်မော့ဟန်အဖြစ်နဲ့ပဲ ဒီကမ္ဘာကိုပြန်ရောက်လာခဲ့ပေမယ့် အရင်နဲ့ကွာခြားသွားတာတစ်ခုက ဇာတ်လိုက်ဟာ ပြန်လည်မွေးဖွားလာပြီးနေပြီ။ ပိုင်မော့ဟန်ရဲ့မှတ်ဥာဏ်တွေအရဆိုရင် သူ့ကံတရားဟာ မူလအတိုင်း ဘာမှမပြောင်းလဲသေးဘူး။

ဒေါက်တာပိုင်ဟာ စစ်တပ်ရဲ့အစောင့်အရှောက်နဲ့ B-Base ကို သွားနေကြောင်းသတင်းရတာနဲ့ ဇာတ်လိုက်နှစ်ယောက်ဟာ ထိုစစ်တပ်နဲ့အတူ ရောနှောလိုက်ပါလာပြီး စစ်တပ်ရဲ့ပင်မစွမ်းအားရှင်တွေဖြစ်လာခဲ့တယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ပိုင်မော့ဟန်လုံခြုံရေးကိုတာဝန်ယူထားရတဲ့ လူတွေအားလုံးကို ရှင်းလင်းပစ်ခဲ့တယ်။ ဒီလူတွေအားလုံးဟာ အရင်ဘဝတုန်းက လိန်ချွမ်းအပေါ်သစ္စာဖောက်ခဲ့တဲ့လူတွေပဲ။

အမှောင်ထဲက [Face of the Devil]Onde histórias criam vida. Descubra agora