အန္တရာယ်တွေဆိုတာ အချိန်မရွေးကျရောက်လာနိုင်တယ်။ သူတို့တွေ B-Base ကိုစွန့်ခွာခဲ့တဲ့အတွက် သေဘေးက သူတို့အပေါ်ကို အရင်ဘဝကထက်တောင် စောပြီးကျရောက်လာနိုင်တယ်။
"ခေါင်းဆောင်!! လမ်းတစ်လမ်းကိုပဲ မျက်စိမှိတ်ပြီးဆုံးဖြတ်လိုက်ကြရအောင်။ တကယ်လို့ လမ်းမှာ ရွာလေးတွေလောက်ပဲတွေ့ခဲ့ရင်တောင် ကျွန်တော်တို့တွေ ဝိဥာဉ်နယ်မြေရှိတဲ့စွမ်းအားရှင်တွေကို လက်နက်တွေသိုလှောင်ခိုင်းထားလို့ရတယ်။ ကျွန်တော်တို့ ဒီအတိုင်းလက်လျှော့လိုက်လို့မဖြစ်ဘူး။ ဥက္ကာခဲမိုးရွာတဲ့အချိန်ကျရင် ကျွန်တော်တို့လူတွေက ပုန်းခိုနေလို့ရသေးတယ်။ ဒါပေမယ့် တင့်ကားတွေနဲ့ လက်နက်တွေကိုတော့ ယူလို့ရတော့မှာမဟုတ်ဘူး။ အကုန်ပေါက်ကွဲကုန်လောက်တယ်" ကော်ကျစ်ရိန် အံကြိတ်ရင်းပြောလိုက်တယ်။ ပြောသာပြောရပေမယ့် သူ့မျက်နှာမှာတော့ လက်မခံချင်တဲ့အမူအရာက အတိုင်းသားပေါ်နေတယ်။
သူတို့လက်ထဲမှာရှိတဲ့လက်နက်အရေအတွက်က တပ်သားတစ်သောင်းစာလောက် လုံလုံလောက်လောက် အသုံးပြုလို့ရတယ်။ အခြေအနေတွေက အဆုံးထိရောက်နေခဲ့လို့သာမဟုတ်ရင် ဘယ်သူကရော လက်နက်တွေကို စွန့်ပစ်ချင်မှာလဲ??
ကျောက်လင်ဖုန်း အနောက်မှာရပ်ထားတဲ့ သံချပ်ကာကားရဲ့ကိုယ်ထည်ကိုထိကြည့်လိုက်ရင်း စိတ်မကောင်းဖြစ်မိတယ်။ ဒါ သူ့အနေနဲ့ ပထမဦးဆုံးအကြိမ်အဖြစ် ကော်ကျစ်ရိန်ရဲ့စကားကို ပြန်ပြီးအတိုက်အခံမလုပ်မိခြင်းပဲ။
လိန်ချွမ်း ခဏတာစဉ်းစားနေပြီး ကော်ကျစ်ရိန်စကားကို လက်ခံတော့မဲ့ဆဲဆဲမှာပဲ ကားပြတင်းပေါက်နားမှာ အိပ်ပျော်နေတဲ့ဒေါက်တာရဲ့အသံကိုကြားလိုက်ရတယ်။ ကျိုးယွင်ရှန့် အိပ်ချင်မူးတူးနဲ့ မျက်လုံးနှစ်ဖက်ကိုပွတ်ရင်းမေးလိုက်တယ်။ "ဘာလို့ဆက်မသွားကြတာလဲ??"
"တံတားကျိုးနေလို့ ကိုယ်တို့ Y မြို့ကို ဒီညမရောက်နိုင်တော့ဘူး။ တခြားလမ်းကနေသွားဖို့ကျတော့လဲ မြေပုံကအဆင်မပြေဘူးဖြစ်နေတယ်။ ကိုယ့်တို့မှာ လမ်းသိတဲ့လူလဲမပါဘူး။ အဲ့ဒါကြောင့် ဘာဆက်လုပ်ရမလဲဆိုတာ တိုင်ပင်နေကြတာ" လိန်ချွမ်း ဒေါက်တာ့နှဖူးကို အဖျားရှိ၊ မရှိစမ်းကြည့်ရင်း အခြေအနေတွေကို အကြမ်းဖျဉ်းရှင်းပြလိုက်တယ်။
YOU ARE READING
အမှောင်ထဲက [Face of the Devil]
FantasyOriginal Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation - ©® keztranslations ကျိုးယွင်ရှန့်ဆိုတာသိပ္ပံခေတ်က hacker တစ်ယောက်။သူက ဘဝရာထောင်ချီဗီလိန်အဖြစ်ပြန်လည်မွေးဖွားဖို့ Lord God ရဲ...