ညဦးယံအချိန်တွင်
ကင်အိမ်တော်၌လူများရှုပ်ရှပ်ခက်နေသည်
အကြောင်းမှာ မင်းကြီး၏အထိန်းတော်လက်ထဲတွင်ရှိ
သောမင်းကြီး၏အမိန်စာကြောင့်ဖြစ်သည်"စစ်သူကြီး ကင်ဂျုံအင်
မနက်မိုးသောက်ချိန်တွင် နန်းတွင်းသို့ဝင်၍
ငါကိုယ်တော်အား လာရောက်ခစားစေမင်းကြီး၏အမိန့်တော်"
အထိန်းတော်လက်ထဲတွင်ရှိသော ဘုရင့်အမိန့်စာယူပြီး
"ကျတော်မျိုးကင်ဂျုံအင်သည်အမိန့်တော်ကိုနာခံပါမည်"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြောက်ဘက်ကသောင်းကျန်းသူတွေကိုနှိမ်နင်းပြီးစီး
ကြောင်းလျှောက်တင်တုန်းက မင်းကြီးနဲ့နောက်ဆုံးအ
ကြိမ်တွေ့ခဲ့တာဖြစ်သည်
အာ့နောက်ပိုင်းမင်းကြီးကိုတစ်ခါမှ သွားမတွေ့ရသေး
တွေ့လည်းမတွေ့ချင်
သူ့ဘက်စပြီး တွေ့စရာအကြောင်းလည်းမရှိအခုလည်း မင်းကြီးအမိန့်တော်ကြောင့်သာ နန်းတွင်းသို့ဝင်လာခဲ့ခြင်းဖြစ်သည်
"အရှင်မင်းကြီး စစ်သူကြီးကင်ဂျုံအင် တွေ့ခွင့်တောင်းနေကြောင်းပါ...........
စစ်သူကြီးကင်...မင်းကြီးစောင့်နေပါတယ်ဝင်သွားလိုက်ပါ"ခေါင်းငုံလိုက်ခါ မင်းကြီးရှိရာသို့သွားပြီး
"ကျတော်မျိုးစစ်သူကြီးကင်ဂျုံအင်...အခစားဝင်ရောက်ကြောင်းပါ မင်းကြီး"
"ကုန်းကုန်း...ငါကိုယ်တော် စစ်သူကြီးကင်နဲ့ဆွေးနွေးစရာရှိတယ်ဘယ်သူမှဝင်မလာစေနဲ့...ဒါငါဘုရင်မင်းကြီးရဲ့ အမိန့်တော်"
"အမိန့်တော် နာခံကြောင်းပါ အရှင်မင်းကြီး"
ကုန်းကုန်းထွက်သွားပြီးနောက်
"စစ်သူကြီးကင် ဒီကြားထဲဘာအကြောင်းကိစ္စများ
ကြောင့်ငါကိုယ်တော်စီအခစားမဝင်ရောက်နိုင်တာလဲ"
YOU ARE READING
တော်ဝင်ပန်း
Fanfictionစစ်သူကြီးကင် မင်းကို ငါကိုယ်တော် ချစ်မြတ်နိးမှန်းသိလို့ ငါကိုယ်တော်ပေါ် ရက်စက်နေတာလား