ဘုရင့်မယ်တော်ကြီးသည် ဂျုံအင်အားခေါ်တွေ့ချေပြီ
သူ့ စိတ်ကိုကြိုတင်ပြင်ဆင်ထားသော်လည်းအနည်းငယ်တုန်လှုပ်နေမိသည်
တောကစားထွက်တုန်းကရခဲ့တဲ့ဒဏ်ရာကြောင့် နန်းတော်သို့မဝင်ဘဲအနားယူနေခဲ့တာ တစ်လတင်းတင်းပင်ပြည့်
တော့မည်"စစ်သူကြီးကင် ရောက်လာပါတယ် မယ်မယ်ကြီး"
"ဝင်လာခိုင်းလိုက်ပါ"
"ကျတော်မျိုးစစ်သူကြီးကင် အခစားဝင်ရောက်ကြောင်းပါ မယ်မယ်ကြီး"
"မော်ဖူးစေ စစ်သူကြီးကင်"
ဘုရင့်မယ်တော်ကြီး တနည်းအားဖြင့်ဂျုံအင်၏၆ဝမ်းကွဲအရီးတော်(ဂျုံအင်နဲ့မယ်တော်ကြီးက အမျိုးတော်တာကိုပြောချင်တာပါ 😁သိပ်မရေးတက်လို့)
"မတွေ့တာကြာလို့ဂျုံအင်လေးတောင်တော်တော်အရွယ်ရောက်ပါလား"
"မယ်မယ်ကြီးရဲ့ပို့သတဲ့မေတ္တာကြောင့်ပါ"
"ဂျုံအင်..ဟိုတစ်ခေါက် တောကစားထွက်တုန်းကအရှင်မင်းကြီးကိုသားရဲလက်ထဲကနေကယ်တင်လိုက်နိုင်တယ်ဆိုတဲ့ သတင်းကိုကြားတယ်"
"ကျနော်မျိုးရဲ့တာဝန်ကို ထမ်းဆောင်ရုံသပ်သပ်ပါ"
"ဟုတ်ပြီ စစ်သူကြီးကင်ရဲ့တာဝန်ကျေပွန်မှုအတွက်
ဆုလာဒ်ချီးမြှင့်မည်......"ဂျုံးအင် မယ်မယ်ကြီးကိုထိပ်လန့်စွာကြည့်ရင်း
"မယ်...မယ်မယ်ကြီး"
"စစ်သူကြီးကင်ဆီမှာ မေတ္တာသက်ဝင်နေတဲ့သူများရှိသလား"
"ဟုတ်ကဲ့ ရှိပါတယ် မယ်မယ်ကြီး....
လက်ဝဲအမတ်ကြီးဒိုရဲ့သမီး*ဆူး*ပါ""ငါ မယ်မယ်ကြီးကိုယ်တိုင် မင်းတို့နှစ်ယောက်ကိုလက်ဆက်ပေးမယ်"
မယ်မယ်ကြီး သိသွားပြီ
ဆယ်ဟွန်းနဲ့အကြောင်းကိုသိသွားလို့ဖြစ်မယ်
ဆယ်ဟွန်းအနားရောက်ရင်နံရံမှာနားတွေရှိတဲ့အကြေင်းမေ့သွားတက်တာ သူ့အပြစ်ပဲ
YOU ARE READING
တော်ဝင်ပန်း
Fanfictionစစ်သူကြီးကင် မင်းကို ငါကိုယ်တော် ချစ်မြတ်နိးမှန်းသိလို့ ငါကိုယ်တော်ပေါ် ရက်စက်နေတာလား