ကင်မျိုးနွယ်ဆိုတာ ဘိုးဘွားစဉ်ဆက်စစ်သူကြီးရာထူးကိုပဲထမ်းဆောင်ရသည်
ဆယ်ဟွန်းရဲ့တိုင်းပြည်အုပ်ချုပ်မှု့ ကောင်းတာကြောင့် စစ်ပွဲတွေကနည်းပါးပြီး တိုင်းပြည်ကအလွန်အေးချမ်းသည်စစ်သေနာပတိဖြစ်နဲ့ဂျုံအင်ရဲ့အဖေက သူ့လက်အောက်ငယ်သားစစ်သည်တော်တွေနဲ့ပဲနေတယ်
သူကတော့ စစ်သူကြီးရာထူးကိုရထားပေမယ့် တိုက်ပွဲကြီးမှပဲစစ်တိုက်ထွက်ရသည်။ကျန်အချိန်ဆို မင်းကြီးအနားပဲနေပြီးသက်တော်စောင့်တာဝန်ကိုယူရသည်ငယ်ငယ်ထဲကသူငယ်ချင်းတွေဖြစ်တာကြောင့် တစ်ယောက်အကြောင်းတစ်ယောက်သိပြီး မေတ္တာမျှခဲ့ကြသည်
မဖြစ်သင့်ဘူးဆိုတာသိပေမယ့် ဆယ်ဟွန်းကိုတကယ်ချစ်သည်ငယ်ငယ်ရွယ်ရွယ်နဲ့ဘုရင်ဖြစ်ခဲ့ရတာကြောင့် ဆယ်ဟွန်းအရမ်းပင်ပန်းရမှန်း သူသိသည်။တိုင်းပြည်ရဲ့မင်းကြီးက ယောက်ျားတစ်ယောက်နဲ့ချစ်ကြိုက်နေတာကိုသာ လူတွေသိသွားရင် ဆယ်ဟွန်းပဲထိခိုက်ရမှာ ဒါကြောင့် ဆယ်ဟွန်းဘေးကထွက်သွားခဲ့ပေမယ့် နောက်ဆုံးတော့လည်း ဆယ်ဟွန်းအနားကိုပဲပြန်ရောက်ခဲ့သည်
မြို့တော်နဲ့ဝေးကွာတဲ့ စစ်တပ်ထဲမှာနေပြီး တိုက်ပွဲတွေမှာလည်းပါဝင်ခဲ့တယ်။တစ်ရက်ကျတော့ မယ်မယ်ကြီးအမိန့်နဲ့အမတ်ကြီးဒိုကစစ်တပ်ထဲကိုရောက်လာခဲ့သည်။အဲ့မှာသူနဲ့ဆူးစတွေ့သည်။ဆူးက ယဉ်ကျေးသိမ်မွေ့တဲ့မိန်းကလေးဖြစ်ပေမယ့် တိုက်ရေးခိုက်ရေးကိုလည်းကျွမ်းကျင်သည်။တခြားမိန်းကလေးနဲ့မတူလို့ သူစိတ်ဝင်စားခဲ့သည်။
နောက်တော့ဆူးရဲ့အချစ်ကိုရခဲ့သည်။ကင်အိမ်တော်ရဲ့မျိုးဆက်ကိုမွေးဖွားဖို့ သူ့မှာတာဝန်ရှိသေးသည်လေ.....
ဆယ်ဟွန်းကိုရော ဆူးကိုရောသူချစ်သည်။ဒါပေမယ့် ချစ်တဲ့ခံစားချက်တွေကတော့ကွဲပြားသည်
ဆယ်ဟွန်းကိုတော့ သူ့အသက်ထက်ပို၍ချစ်သည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"မင်းကြီး....စစ်သူကြီးကင်ရောက်လာပါပြီ"
အခန်းထဲရောက်တော့လှဲမနေဘဲ စာဖတ်နေတဲ့ဆယ်ဟွန်းကိုတွေ့လိုက်တာကြောင့်ဒေါသထွက်သွားသည်
YOU ARE READING
တော်ဝင်ပန်း
Fanfictionစစ်သူကြီးကင် မင်းကို ငါကိုယ်တော် ချစ်မြတ်နိးမှန်းသိလို့ ငါကိုယ်တော်ပေါ် ရက်စက်နေတာလား