မင်းကြီးကိုလျှောက်တင်စရာရှိလို့ နန်းတော်ထဲဝင်ဖို့ပြင်စင်နေရင်းအင်္ကျီကြီးကိုချည်ပေးနေတဲ့ဆူးလက်ဖမိုးလေးကိုကိုင်ပြီး အနမ်းပေးလိုက်တယ်။
ဆူးဆံပင်လေးကိုသိပ်တင်ပေးပြီး"ကိုယ်ဒီနေ့ စောစောပြန်လာခဲ့မယ်နော်"
"ကိုလည်းလမ်းမှာဂရုအုံးနော်။ဆူးစောင့်နေမယ်"
နန်းတော်ထဲကိုဝင်ဝင်ခြင်းပြာယာခတ်နေတဲ့သူတွေကိုမြင်လိုက်ရတာကြောင့် မျက်ခုံးနှစ်ဖက်ကထိလုစဲစဲဖြစ်သွားသည်
သူ့ရှေ့ကဖြတ်သွားတဲ့အထိန်းကိုခေါ်ပြီး မေးကြည့်လိုက်တော့
မင်းကြီးပွဲတော်တည်မယ့်ဟင်းခွက်ထဲအဆိပ်ပါလို့တဲ့နှုတ်က ဘာမှမဖြစ်ပါစေနဲ့ ဆိုတဲ့စကားကိုရေရွတ်ရင်း
ချက်ခြင်းပဲ မင်းကြီးအဆောင်ကိုပြေးသွားလိုက်မိသည်"ကျေးဇူးပြုပြီး ဘာမှမဖြစ်ပါစေနဲ့"
မင်းကြီးရဲ့အဆောင်ကိုရောက်တော့ မယ်မယ်ကြီးလည်းရှိနေတာကြောင့်စိတ်ပူဟန်မပြတော့ပဲ ပုံမှန်အတိုင်းပဲရှိနေလိုက်တယ်။
အပျော့စားအဆိပ်မို့လို့ ဘာမှမဖြစ်ပေမယ့် အရင်နှုတ်ခမ်းရဲရဲလေးတွေက အခုတော့ ဖြူဖပ်နေတယ်
ဘယ်သူကလုပ်ကြံတာလဲ။ဘာလို့လဲ။
ဆယ်ဟွန်းသာ ထိခိုက်ရင်သူရူးသွားလိမ့်မယ်မယ်မယ်ကြီးပြန်သွားအထိ သူတို့၂ယောက်ဘာစကားမှမပြောဘဲထိုင်နေတာ မိုးတောင်ချုပ်သွားခဲ့ပြီ
"ဂျုံအင် ဘာမှပြောစရာမရှိရင်ပြန်တော့ ငါနားချင်ပြီ"
သူ ဆယ်ဟွန်းဆီသွားပြီး ဆွဲဖက်လိုက်လိုက်သည်
"တောင်းပန်ပါတယ်၊ကာကွယ်မပေးနိုင်လို့တောင်းပန်ပါတယ်"
ဂျုံအင်သူ့ မျက်နှာပေါ်ရှိနေတဲ့ လက်နုနုလေးတွေကိုကိုင်ရင်း တောင်းပန်စကားကို ထပ်ခါထပ်ခါပြောနေမိသည်
"ညမိုးချုပ်နေပြီ ပြန်တော့ဂျုံအင်"
"မပြန်ဘူး...မင်းနားမှာပဲနေမယ်"
"သနားသွားတာလား........"
သူ့ကိုတည့်တည့်ကြည့်ပြီးပြောလိုက်တဲ့စကားကြောင့်
ထိတ်လန့်သွားမိသည်
YOU ARE READING
တော်ဝင်ပန်း
Fanfictionစစ်သူကြီးကင် မင်းကို ငါကိုယ်တော် ချစ်မြတ်နိးမှန်းသိလို့ ငါကိုယ်တော်ပေါ် ရက်စက်နေတာလား