Part-1

2.1K 182 10
                                    

ညဦးယံအချိန်​တွင်
ကင်​အိမ်​​တော်​၌လူများရှုပ်​ရှပ်​ခက်​​နေသည်
အ​ကြောင်းမှာ မင်းကြီး၏အထိန်း​တော်​လက်​ထဲတွင်​ရှိ
သောမင်းကြီး၏အမိန်​စာ​ကြောင့်​ဖြစ်​သည်

"စစ်​သူကြီး ကင်​ဂျုံအင်
မနက်​မိုး​သောက်​ချိန်​တွင်​ နန်းတွင်းသို့ဝင်​၍
ငါကိုယ်​​တော်​အား လာ​ရောက်​ခစား​စေ

                                  မင်းကြီး၏အမိန့်​​တော်​"

အထိန်း​တော်​လက်​ထဲတွင်​ရှိ​သော ဘုရင့်​အမိန့်​စာယူပြီး

"ကျ​တော်​မျိုးကင်​ဂျုံအင်​သည်​အမိန့်​​တော်​ကိုနာခံပါမည်​"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြောက်​ဘက်​ကသောင်းကျန်းသူ​တွေကိုနှိမ်​နင်းပြီးစီး
ကြောင်း​လျှောက်​တင်​တုန်းက မင်းကြီးနဲ့​နောက်​ဆုံးအ
ကြိမ်​​တွေ့​ခဲ့တာဖြစ်​သည်
အာ့​နောက်​ပိုင်းမင်းကြီးကိုတစ်​ခါမှ သွားမ​တွေ့ရ​သေး
တွေ့လည်းမ​တွေ့ချင်
သူ့ဘက်​စပြီး ​တွေ့စရာအ​ကြောင်းလည်းမရှိ

အခုလည်း မင်းကြီးအမိန့်​​တော်​​ကြောင့်​သာ နန်းတွင်းသို့ဝင်​လာခဲ့ခြင်းဖြစ်​သည်

"အရှင်​မင်းကြီး စစ်​သူကြီးကင်​ဂျုံအင် ​တွေ့ခွင့်​​တောင်း​နေ​ကြောင်းပါ...........
စစ်​သူကြီးကင်​...မင်းကြီး​စောင့်​​နေပါတယ်​ဝင်​သွားလိုက်​ပါ"

ခေါင်းငုံလိုက်​ခါ မင်းကြီးရှိရာသို့သွားပြီး

"ကျ​တော်​မျိုးစစ်​သူကြီးကင်​ဂျုံအင်​...အခစားဝင်​​ရောက်​​ကြောင်းပါ မင်းကြီး"

"ကုန်းကုန်း...ငါကိုယ်​​တော်​ စစ်​သူကြီးကင်​နဲ့​ဆွေး​နွေးစရာရှိတယ်​ဘယ်​သူမှဝင်​မလာ​စေနဲ့...ဒါငါဘုရင်​မင်းကြီးရဲ့ အမိန့်​​တော်​"

"အမိန့်​​တော်​ နာခံ​ကြောင်းပါ အရှင်​မင်းကြီး"

ကုန်းကုန်းထွက်​သွားပြီး​နောက်

"စစ်​သူကြီးကင်​ ​ဒီကြားထဲဘာအ​ကြောင်းကိစ္စများ
ကြောင့်​ငါကိုယ်​​တော်​စီအခစားမဝင်​​ရောက်​နိုင်​တာလဲ"

တော်​ဝင်​ပန်းWhere stories live. Discover now