"Omma Appaဘာတွေပြောနေတာလဲ နောက်နေတာမလား"
"Ommaတောင်းပန်ပါတယ် သားရယ်"
"မဟုတ်ဘူး မဟုတ်ဘူး Ommaတို့နောက်နေတာ နောက်နေတာ!!"
သွေးပျက်စွာအော်ဟစ်ပြီး အပေါ်ထပ်တက်သွားတဲ့သားလေးကိုကြည့်ပြီး Xiuminလည်းစိတ်မကောင်းပေ
သို့သော် သားလေးတစ်သက်တာကောင်းစားဖို့အတွက်ဟူသော အတွေးကလေးကြောင့်သာ CEO Kimကိုမငြင်းမိပေ
CEO Kimရဲ့ ပိုင်ဆိုင်မှုတွေကြောင့်လားဟုမေးလာလျှင် ချက်ချင်းပင်ခေါင်းခါပြနိုင်သည်
သူတို့ဆီမှာ တစ်ဦးတည်းသောသားလေး သုံးရုံတင်သာမက ဖြုန်းဖို့စည်းစိမ်ဥစ္စာတွေလုံလောက်စွာရှိတယ်
သို့သော် CEO Kimမှာ မိမိသားလေးကို ဘယ်လောက်ပင် ချစ်မြတ်နိုးနေကြောင်းကို နေ့လည်က သေချာရှင်းပြရုံသာမက သားလေးကို သူ့ဆီပေးရန် ဒူးထောက်တောင်းဆိုခဲ့သောကြောင့် သူရော သားရဲ့အဖေရော လက်ခံခဲ့ခြင်းပင်
စဉ်းစားကြည့်လျှင် လျှပ်ပြာပြာနိုင်သော သူတို့သားလေးကို ရွှေပေါ်မြတင်ထားနိုင်မည်
ထို့ပြင် သားလေးကိုအလွန်ချစ်မြတ်နိုးကြောင်း CEO Kim၏မျက်လုံးများမှဖော်ပြနေသည်
သားလေးအပေါ်အဲ့လောက်ချစ်နိုင်မည့်သူမရှိလောက်ဘူးဟုယူဆကာ CEO Kimလက်ထဲသို့ ယုံကြည်စွာအပ်နှံဖို့ဆုံးဖြတ်လိုက်သည်
သားလေးငြင်းမယ်ဆိုတာ ကြိုသိပေမဲ့ ဒီလောက်ထိ သွေးပျက်သွားလိမ့်မယ်လို့ မထင်ထားမိတာတော့အမှန်ပင်
အခုသားလေးပုံစံကိုကြည့်ပြီး သူတို့ဆုံးဖြတ်ချက်များမှားသွားပြီလား ဟုပင်တွေးမိလိုက်သည်
သားရဲ့အဖေကိုကြည့်လိုက်တော့လည်း သူလည်း မျက်နှာပျက်နေပြီလေ
ဘယ်လောက်ဘဲ သားအဖနှစ်ယောက် ဆူလိုက်ငေါက်လိုက်နဲ့တစ်နေ့တစ်နေ့ ကုန်ဆုံးရတယ်ဘဲပြောပြော တစ်ဦးတည်းသောသားလေးကို Jongdaeအရမ်းချစ်တာ Xiuminသိပါတယ်
YOU ARE READING
Love Me!!!
FanfictionDika Yaoi ခံယူထားကြတဲ့ချစ်ခြင်းတွေမတူတဲ့နှစ်ယောက် ရှေ့ဆက်ဘယ်လိုဖြစ်ကြမလဲ