6

1.4K 146 12
                                    

"​ကောင်​​လေး နည်းနည်းပါးပါးပြုံးစမ်းပါဦး"

"​ကောင်​​လေး​ရေ"

"​ကောင်​​လေးကိုယ့်​ကို​ဒေါသထွက်​​အောင်​မလုပ်​နဲ့​နော်​"

"Do Kyungsoo!!"

"Wae!!!!"

"ကောင်လေး မင်းရဲ့လုပ်ရပ်တွေက appugyiတို့ပေါ်မူတည်နေတယ်နော်"

"ခင်ဗျား appaတို့ကိုထိဖို့မကြိုးစားနဲ့ ကျွန်တော့်ကိုသာကြိုက်သလိုလုပ် ခင်ဗျားစိတ်တိုင်းကျလုပ် appaတို့ကိုသာမထိနဲ့"

"ဟင်း ဟင်း ကောင်လေးပြောတာနော် ကိုယ့်စိတ်တိုင်းကျလုပ်လို့ အဟမ်း ညကျရင် ပြောစကားတည်ပါစေ"

"ဘာ"

"CEO nim ခန်းမထဲဝင်ဖို့ခေါ်နေပြီ"

"Ok"

Winkတစ်ချက်ပေးပြီး အခန်းထဲကထွက်သွားတဲ့ အဘိုးကြီးကို ကုပ်ဆွဲချင်စိတ်ပေါက်နေပြီ

မုန်းလိုက်တာ သူများအားနည်းချက်ကို စုပ်ကိုင်ပြီး အနိုင်ယူထားတဲ့ ဘိုးတော်ကြီး

မုန်းတယ် Kim Jongin ခင်ဗျားကျွန်တော့်ကိုသာ ပိုင်ဆိုင်ရမယ် ကျွန်တော့်နှလုံးသားကိုတော့ ခင်ဗျားပိုင်ဆိုင်စေရဘူး

"သားလေး ဝင်ရတော့မယ်"

"Appa"

"Agioo Appaသားလေး အရွယ်ရောက်လာပြီဘဲ   Appaတို့ ရင်ခွင်ထဲကနေ ထွက်ခွင့်ပေးရတော့မယ် သားလေး Jonginအပေါ်မဆိုးနဲ့နော် Jonginကသားလေးကိုချစ်လွန်းလို့ သူ့ဂုဏ်သိက္ခာတွေကို ခေါက်ပြီး သားလေးကို ယူတာနော်"

"Appaထင်လို့ပါ သူကသားကိုချစ်တာမဟုတ်ဘူး ပိုင်ဆိုင်ချင်တာ"

"ဩော် သားလေးရယ် ချစ်လို့ပိုင်ဆိုင်ချင်တာလေ"

"တော်ပါ သူ့ဘက်ကကာပြောမနေနဲ့ ဝင်ရတော့မှာမလား သွားရအောင်လေ"

နောက်ကနေAppaရဲ့သက်ပြင်းချသံကိုကြားလိုက်ပေမဲ့ မသိချင်ယောင်သာဆောင်လိုက်တယ်

Appaထက်ကျွန်တော့်က ပိုပင်ပန်းတယ် ဟိုလူကြီးနဲ့ ဘယ်လိုတွေရင်ဆိုင်ရဦးမလဲမသိဘူး

"ပြုံးထားနော် သားလေး"

ခန်းမထဲဝင်ခါနီး နားနားကပ်ကာ သတိပေးလိုက်တဲ့ Appaကို ခေါင်းငြိမ့်ပြပြီး ဟန်ဆောင်အပြုံးကိုသာ ဆင်မြန်းလိုက်တော့တယ်

Love Me!!!Where stories live. Discover now