"ကောင်လေး မောနေပြီလား နားဦးမလား"
"ဟင့်အင်း မနားတော့ဘူး ဆက်တက်ရအောင်လေ"
မနက်စောစော ဖူဂျီတောင်ပေါ်တက်ခဲ့ကြတယ်
ပထမကတော့ တောင်တက်တဲ့သူတွေလည်းအများကြီးဆိုတော့ ကောင်လေးတစ်ယောက် အပျော်ကြီးပျော်ကာ ခုန်ပေါက်နေလေရဲ့
သို့သော် မိနစ်ဝက်လောက်ကြာတော့ နဂိုကတည်းက ပိုးမွေးသလိုမွေးထားတဲ့မိဘတွေကြောင့် ကောင်လေး မောနေပြီလေ
တူတူတက်နေတဲ့လူတွေက ဆက်တက်နေကြပေမဲ့ ကောင်လေးနဲ့သူကတော့ ကောင်လေးမောရင် ခဏနားလိုက်ကြ ဆက်တက်လိုက်ကြနဲ့ ခရီးတော်ရုံမရောက်ပေ
နားနေရင်းနဲ့လည်း ချွေးတွေစို့နေတဲ့ကောင်လေးကို အိတ်ထဲကလက်ကိုင်ပဝါနဲ့ သုတ်ပေးရသေးတယ်
ခါတိုင်းလိုဆို ခါးခါးသီးသီးငြင်းမှာဆိုပေမဲ့ အခုကတော့ မောနေတော့ ငြိမ်ခံနေရှာတယ်
"ကောင်လေး တော်ပြီ ပြန်ဆင်းရအောင်နော်"
ချွေးတွေထွက်ကာ အသက်ပြင်းပြင်းရှူနေတဲ့ကောင်လေးကိုကြည့်ကာ ပြန်လှည့်ဖို့ဆုံးဖြတ်ရတော့တယ်
"ရတယ် ဆက်တက်ရအောင် ကျွန်တော်ရသေးတယ်"
ရသေးတယ်လို့သာပြောနေတာ မျက်နှာက သွေးမရှိတော့သလို ဖြူစုပ်နေလေပြီ
"တော်ပြီ နောက်တစ်ခေါက်မှပြန်တက်ကြမယ်လေနော်"
"Arnyi ဘယ်အချိန်ထပ်လာဖြစ်မယ်မှန်းမသိဘဲနဲ့"
"ကိုယ်ပြန်လိုက်ပို့ပေးပါ့မယ်"
"ဟွန့် မင်္ဂလာဆောင်ပြီးနောက်တစ်နေ့တောင် ကုမ္ပဏီသွားတာကို ပြန်လိုက်ပို့မယ်ဆိုတော့ မယုံပါဘူး"
"ကိုယ်ကတိပေးပါတယ်ကွာ တကယ်လိုက်ပို့ပါ့မယ် အခုတော့ပြန်ရအောင်နော်"
YOU ARE READING
Love Me!!!
FanfictionDika Yaoi ခံယူထားကြတဲ့ချစ်ခြင်းတွေမတူတဲ့နှစ်ယောက် ရှေ့ဆက်ဘယ်လိုဖြစ်ကြမလဲ