အိပ်နေတာကိုထိုးလာတဲ့နေရောင်တွေကြောင့် နိုးထလာတော့ လူကိုစိုက်ကြည့်နေတဲ့ Kim Jongin
မျက်လုံးအသာဝေ့ကြည့်လိုက်တော့ အိမ်ထက်ပိုပြီးခမ်းနားနေတဲ့အပြင်အဆင်ကြောင့် ငုတ်တုတ်ထိုင်မိတော့ mianhaeကောင်လေးဆိုဘဲ
ဝရုန်းသုန်းကားထကာ ပြတင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်လိုက်တော့ ဆာကူရာမြေ၏အထင်ကရဖြစ်သော ဖူဂျီတောင်ကြီးကို လှမ်းမြင်လိုက်ရသည်
"တစ်သက်မှာတစ်ခါဘဲသွားရတဲ့ honeymoonလေးကို ကောင်လေး မသွားချင်ပေမဲ့ ကိုယ်ပို့ပေးချင်လို့ပါ"
အံ့သြတကြီးကြည့်နေသောကျွန်တော့်ကိုနောက်ကနေသိုင်းဖက်လာတဲ့ Kim Jonginကြီး
အမှန်တိုင်းပြောရရင် honeymoonသွားချင်တာပေါ့
Honeymoonမှာ ချစ်တဲ့သူနဲ့လုပ်ဖို့စဉ်းစားထားတာတွေရှိတာပေါ့
ဒါပေမဲ့ အခုတော့တခြားစီဆိုပေမဲ့ Honeymoonထွက်ခဲ့ရင် သွားချင်ခဲ့တဲ့ ဂျပန်မြေကြီးဆိုတော့လည်း အဟမ်း Kim Jonginတော်ပါတယ်လေ
ဒါနဲ့ ဒီကိုဘယ်လိုရောက်လာတာလဲ မှတ်မိသလောက်က မြို့ပြင်ကို driving ထွက်တာဘဲ
Drivingကနေ ဒီအထိဘယ်လိုရောကက်လာတာပါလိမ့်
သိချင်စိတ်နဲ့ ဖက်ထားတာကနေ ရုန်းထွက်ပြီး လှည့်ကြည့်လိုက်တော့
"ကောင်လေး သိချင်တာတွေ ကိုယ်သိတယ် ကိုယ်ပြောပြမယ် ဒါပေမဲ့ ခဏကလိုဖက်ထားပြီးပြောချင်တယ်"
ခါတိုင်းလိုအမိန့်ဆန်ဆန်ပြောတာမျိုး မဟုတ်ပေမဲ့ ဘာကြောင့်မှန်းမသိ ပြောသမျှကို လက်ခံပေးချင်နေတယ်
နောက်လည်းလှည့်လိုက်ရော ခါးကနေတင်းကြပ်စွာဖက်လာပြီး လည်တိုင်ကို အနမ်းပေးလာတော့ နေရခက်စွာပင် ကိုယ်ကိုကြုံမိသွားတယ်
"အင်း မနေ့ညက ကိုယ်တို့ ညစာစားတာမှတ်မိတယ်မလား"
ခေါင်းအသာညိမ့်ပြလိုက်တယ်

ВЫ ЧИТАЕТЕ
Love Me!!!
ФанфикDika Yaoi ခံယူထားကြတဲ့ချစ်ခြင်းတွေမတူတဲ့နှစ်ယောက် ရှေ့ဆက်ဘယ်လိုဖြစ်ကြမလဲ