ကောင်လေးနဲ့wedding အတွက် Hotelရဲ့အတွင်းပိုင်းအပြင်အဆင်တွေရော အပြင်ပို်င်းအပြင်အဆင်တွေကိုပါ ကိုယ်တိုင်စိတ်တိုင်းကျပြင်ဆင်နေမိတယ်
ကောင်လေးပါတူတူပါလာပြီး ကျွန်တော်နဲ့တူတူလိုက်ပြီး ပြင်ဆင်မယ်ဆိုရင်ပိုပြီးကောင်းမယ်ဆိုပေမဲ့ ဒါဟာကျွန်တော့်ရဲ့မျှော်လင့်ချက်သက်သက်သာ
အနာဂတ်ရဲ့ယောက္ခမလောင်းများကို နေ့လည်စာလိုက်ဧည့်ခံရင်း ဖိတ်စာပေးဖို့ ဖုန်းလှမ်းဆက်ရင်း ကောင်လေးလက်ထပ်ပွဲငြင်းနေတာကို တစ်စွန်းတစ်စ ကြားလိုက်ရတယ်
ဒါပေမဲ့ ကိစ္စမရှိပါဘူး ကောင်လေးငြင်းလဲ ကျွန်တော်က ရအောင်ယူမှာဘဲလေ😏
နေ့လည်စာစားရင်း ကြားလိုက်ရတဲ့ကောင်လေးအကြောင်းက စိတ်ညည်းညူစရာပင်
မိဘတွေကိုလည်းစကားမပြော ထမင်းမစားဘူးဆိုဘဲ
အဲ့ဒါကြောင့်ဘဲ ကောင်လေးအိမ်ကိုလိုက်လာပြီး အခန်းထဲဝင်စောင့်နေလိုက်တာ ၇နာရီလောက်ကျတော့ပြန်လာပါတယ်
အခန်းထဲဝင်လာတာ ကုတင်ပေါ်မှာထိုင်နေတဲ့ကျွန်တော့်ကိုမမြင်ဘဲ စာအုပ်တွေခုံပေါ်တင်ပြီး သက်ပြင်းတွေချနေလေရဲ့
ကျွန်တော်စကားစပြောမှ ကျွန်တော်သူ့အခန်းထဲရောက်နေတာ သိတဲ့အဖြစ်
လူကိုမြင်တော့လည်း မျက်လုံးပြူးမျက်ဆံပြူးနဲ့ အလန့်တကြားမေးလာရှာတယ်
"ဘယ်သူလို့ထင်လဲ"
"Kim Jonginလား"
ကျွန်တော့်ရဲ့ပြန်မေးတဲ့မေးခွန်းအဆုံးမှာ အတည်ပြုသလိုမေးလာတဲ့ကောင်လေး
"အင်း"
"ဪ အတော်ဘဲ တွေ့ချင်နေတာ ဘယ်လိုဆက်သွယ်ရမလဲလို့စဉ်းစားနေတာ"
"ကောင်လေးက ကိုယ့်ကိုတွေ့ချင်နေတာလား wae?"
"ဒီမှာ Kim Jongin shi ကျွန်တော်ပွင့်ပွင့်လင်းလင်းဘဲပြောမယ် ကျွန်တော်ခင်ဗျားနဲ့လက်မထပ်နိုင်ဘူး"

ВЫ ЧИТАЕТЕ
Love Me!!!
ФанфикDika Yaoi ခံယူထားကြတဲ့ချစ်ခြင်းတွေမတူတဲ့နှစ်ယောက် ရှေ့ဆက်ဘယ်လိုဖြစ်ကြမလဲ