💖အပိုင်း(၁)💖

713 12 0
                                    

"သားလင်း....ဟဲ့သားလင်းထ​တော့​လေ"
စောင်​ခြုံထဲ​ကွေး​နေ​အောင်​ဝင်​တိုးအိပ်​​နေတဲ့တဦးတည်း​သောတူ​​လေး
"လင်းအာရုဏ်​"

"အင်​...အင်​.."
ဒါ​တောင်​မထ​သေးဘဲညီး​နေတယ်​​လေ
"ဟဲ့ထ​တော့​ခြောက်​နာရီထိုး​နေပြီဒီ​နေ့ကွန်ပျတာ​​သင်​တန်းက​ခြောက်​ခွဲသွားရမှာဆို"
"😨😨​ခြောက်​နာရီထိုးပြီလားထပြီကြီးကြီး
ထပြီ"
ပြီးရင်​​အောက်​ဆင်းခဲ့မနက်​စာပြင်​ထား​ပေးမယ်​​နော်​သားလင်း"
"ဟုတ်​ကြီးကြီး ..ချစ်​တာ😘😘"

ကြီးကြီးထွက်​သွားမှအမြန်​ဆုံးနည်းနဲ့​ရေချိုးကြည့်​​ကောင်း​အောင်​ပြင်​ဆငိပြီး​အောက်​ဆင်းခဲ့တယ်​။

စားပွဲမှာ​တောင်​ထိုင်​မစားနိုင်​လို့ယိုသုပ်​ထားတဲ့​ပေါင်​မုန့်​တချက်​ယူပြီးကြီိးကြီးကိုနမ်းပြီးထွက်​ခဲ့ရတယ်​။သင်​တန်း​ရောက်​​တော့​ဘယ်​သူမှမ​ရောက်​ကျ​သေးဘူး။တ​ဦးတည်း​သောလူကလွဲရင်​​ပေါ့။ကျွန်​​တော့်​​နေရာမှာခပ်​တည်​တည်​နဲ့ထိုင်​​နေတဲ့ပုပု​သေး​သေး​ကောင်​​လေးတယောက်​​ပေါ့။
"​ဟေ့..​ဟေ့ဒီ​နေရာကငါ့​နေရာကွ"
ပြောလိုက်​​ရော​မော့ကြည့်​လာတဲ့သူ့မျက်​ဝန်း​တွေကအချိန်​​တွေရပ်​တန့်​နိုင်​​လောက်​တဲ့အထိဝိုင်းပြီးလှ​နေတာမယုံနိုင်​စရာပဲ။
"​နေရာ​တွေအများကြီးကိုဘာလို့ကပ်​တွက်​​နေတာလဲ။ဒီမှာအာရုံစိုက်​​နေတာမမြင်​ဘူးလား။"
ဘုရား..ဘုရားလူ​ကောင်​ကသာ​သေးတာအသံက​တော့ကျယ်​ပါ့။
"မင်းကလူသစ်​ထင်​တယ်​။ဒါကငါ့​နေရာ။ဒါ​ကြောင့်​မင်းလစ်​​တော့"
မျက်​​စောင်းတခုကဒိုင်းကနဲ့​ရောက်​လာ​ရော
"တီချယ်​ထိုင်းခိုင်းလို့ထိုင်​တာမ​ကျေနပ်​ရင်​တီချယ်​သွား​ပြော"
"ဘာ...."
"​ဖြေး​ဖြေး​အော်​ပါကျွန်​​တော်​နားကြားတယ်​"
"မင်း..."
"ဘာ​တွေဖြစ်​​နေကြတာလဲ"
တီချယ်​ဝင်​လာလို့စကားပြတ်​သွားတာ။မဟုတ်​ရင်​ဒီပုပု​လေးကိုဘာ​ပြောမိမယ်​မှန်းမ​ပြောတတ်​ဘူး။😠😠

"တီချယ်​ထိုင်းခိုင်းလို့ဒီမှာထိုင်​တာကိုသားကိုလာ​အော်​​နေတယ်​တီချယ်​😢😢"
မျက်​နှာငယ်​​လေးနဲ့တိုင်​​နေတာ၊ခုနကတခွန်းမကျန်​ပြန်​​ပြောတဲ့ပုံစံနဲ့တခြားစီပဲ။မသိရင်​ကိုယ်​ကပဲနှိပ်​စက်​​နေသလိုလို😒😒
"ကဲပါသား​လေးကလာ​နေရာ​ပြောင်းလိုက်​။အာရုဏ်​​နေရာပြန်​​ထိုင်​လို့ရပြီ"
"ဟုတ်​တီချယ်​😊😊"
ပြောရင်းနဲ့ပုပု​လေးဖယ်​​ပေးတဲ့​နေရာမှာဝင်​ထိုင်​လိုက်​တယ်​။ဟိုကိုယ်​​တော်​​လေးက​တော့မျက်​​စောင်းပျံ​တွေ​ကြွေး​နေ​လေရဲ့။
"ဒါနဲ့အာရုဏ်​သူ့နာမည်​က"အားထက်​မာန်​"တဲ့
သင်​တန်းသားသစ်​​လေး။ကူညီ​ပေးလိုက်​ဦး​နော်​။"
"ဟုတ်​ကဲ့တီချယ်​😁😁"
ပြောသာ​ပြောလိုက်​တာစိတ်​ထဲကလုံးဝမပါ။နောက်​​တော့လည်းသင်​ခန်းစာကိုပဲအာရုံစိုက်​လိုက်​​တော့သူ့ကို​မေ့သွားတယ်​။သူ့မျက်​လုံး​တွေက​မေ့လို့ကိုမရတာ။သင်​တန်းချိန်​ပြီး​တော့လည်းတီချယ်​ကို​မေးစရာရှိတာ​မေးပြီးမှထွက်​ခဲ့တယ်​။ဟိုပုပု​လေးကိုလိုက်​ရှာ​တော့မရှိ​တော့ဘူး။

"​နေပါဦးဘာလို့ငါကသူ့လိုက်​ရှာ​နေတာလဲ။မင်း​တော့ရူး​နေပြီလင်းအာရုဏ်​"

ကိုယ့်​ကိုယ်​ကိုပြန်​သတိ​ပေးရင်းအိမ်​ပဲပြန်​လာလိုက်​တယ်​။အိမ်​ပြန်​​ရောက်​​တော့
"ကြီးကြီးသားပြန်​လာပြီ"

ပြောရင်းနဲ့အိမ်​ထဲဝင်​လိုက်​​ရောမြင်​လိုက်​ရတဲ့မြင်​ကွင်းကပါးစပ်​အ​ဟောင်းသားဖြစ်​သွား​စေတယ်​။

"သားပြန်​လာပြီလား။လာထိုင်​ဦးသားကိုမိတ်​ဆက်​​ပေးစရာလူရှိတယ်​"

သေချာပါတယ်​။လုံးဝမမှားဘူး။အဲဒါဟိုပုပု​လေးပဲ။

"ကြီးကြီးသူက..."
"ဒီက​သား​လေးနာမည်​ကအားထက်​မာန်​တဲ့သား​လင်း။ကြီးကြီးမိတ်​​ဆွေရဲ့သား။ဒီစစ်​ကိုင်းမှာ​ကျောင်းလာတက်​တာ။ကြီးကြီးတို့အိမ်​မှာတည်းမှာသား။"
"​ဪ..😑😑"
"သူကသားလိုပဲသမတက္ကသိုလ်​တက်​မှာသားfirst year​လေး။သားမာန်​သူ့ကကြီးကြီးရဲ့တူလင်းအာရုဏ်​။သမတက္ကသိုလ်​ကပဲ။Second year၊Management​မေဂျာက"
"ဟုတ်​ကဲ့ပါကြီး​မေ"

"ကြီးကြီးရဲ့နာမည်​"မေမီ"ဆိုတာကိုအဖျားစွတ်​ပြီးကြီး​မေတဲ့။ဟွန်းကပ်​ဖား​နေတာ😒😒"

"သားလင်းသားမာန်​ကိုသားအခန်းထဲ​ခေါ်သွားလိုက်​"
"😱😱ဗျာဘာလို့လဲကြီးကြီး"
"ကြီးကြီးသူ့အတွက်​အခန်းမပြင်​ရ​သေးဘူး။အဲဒါဒီ​နေ့ညသူသားနဲ့အိပ်​လိမ့်​မယ်​"
"ဟာကြီးကြီးကလည်း...😣😣"
"​တော်​​တိတ်​ကြီးကြီးကလည်းလုပ်​မ​နေနဲ့​ခေါ်ဆို​ခေါ်သွား"
"ကြီးကြီး😟😟"
"လင်းအာရုဏ်​ငါထပ်​မ​ပြောဘူး​နော်​​ခေါ်သွား"
"ဟုတ်​😫😫လာငါ့​နောက်​လိုက်​ခဲ့"
"ကြီး​မေသားသွားလိုက်​ပါဦးမယ်​😊😊"
"​အေး​အေးသားမာန်​သွားနား​တော့"

တကယ်​ပါပဲ။တော်​​တော်​ဟန်​​ဆောင်​တတ်​တဲ့ပုပု​လေး။သူနဲ့​တော့တအိမ်​တည်းဘယ်​လိုစခန်းသွားရပါ့😓😓

••••••••••••••••••••••••••••••••••••••••••••

လင်း​Where stories live. Discover now