💕အပိုင်း(၁၄)💕(Final)

207 6 2
                                    

"ဇွဲ........."

"အကို​လေး....."

"ကြီးကြီးတို့​ပြောသံကြားလို့ဘာ​တွေဖြစ်​​နေတာလည်းဆိုတာကိုယ်​တိုင်​​မေးမလို့ငါဒီအိမ်​လာခဲ့တာ။ဒီ​တော့မင်းကအားလုံးကိုကြိုစီစဉ်​ခဲ့တာ​ပေါ့မာန်​"

"အကို​လေးအတွက်​ပါ၊ပတ်​ဝန်းကျင်​မှာအ​ပြောခံ၊ကဲ့ရဲ့ခံရတဲ့ဘဝက​နေလွတ်​​အောင်​ပါ"

"ပါးစပ်​ပါတိုင်း​လျှောက်​မ​ပြောစမ်းနဲ့မာန်​။အေးငါ​ယောကျာ်းတ​ယောက်​ကိုကြိုက်​လို့ကဲ့ရဲ့ခံရတယ်​ဆိုလည်းဘာအ​ရေးလဲ။သူတို့ပါးစပ်​ပါလို့၊ဦး​နှောက်​မရှိလို့​ပြော​နေကြတာ​ပြောပါ​စေ။အချိန်​တန်​ရင်​ပိတ်​သွားလိမ့်​မယ်​။မင်းဒီလိုလုပ်​​လို့ငါကမိန်းက​လေး​တွေကိုကြိုက်​လာမှာမဟုတ်​ဘူးမာန်​"

"အကို​လေး.........."

"ပြီး​တော့မင်းကိုငါမုန်းတယ်​ဆိုပင်​မဲ့မင်းကငါ့ညီပါပဲ။ငါ့​ကြောင့်​နဲ့ငါ့ညီမချစ်​တဲ့သူနားမှာတသက်​လုံး​နေသွားရမှာကိုငါမကြည့်​ရက်​ဘူး။မင်းလုပ်​​နေတာ​တွေရပ်​လိုက်​ပါ​တော့။ကြီးကြီးတို့ကိုမင်းစီစဉ်​ခဲ့တာ​တွေအကုန်​သွား​ပြောပြီးလင်းအာရုဏ်​ကိုလည်းလွှတ်​​​ပေးလိုက်​ပါ​တော့ကွာ"

"မရဘူး..................."

"မာန်​...."

"အကို​လေးကိုကျွန်​​တော်​အရမ်းချစ်​တယ်​။ငယ်​ငယ်​​လေးကတည်းကချစ်​ခဲ့တာ။အကို​လေးဒုက္ခ​ရောက်​​စေမဲ့အဖြစ်​မျိုးအဖြစ်​မခံနိုင်​ဘူး။"

"ဒါဆိုမင်းကိုချစ်​​ပေးတဲ့အာရုဏ်​က​ရော်​၊မင်းသူ့ဘက်​ပိုစဉ်းစားကြည့်​ပါဦး။"

"မသိဘူးအဲဒါ​တွေမသိဘူး။ကျွန်​​တော်​သိတာအကို​လေး​ပျော်​ရွှင်​ဖို့ပဲ။အကို​လေးအတွက်​ပဲသိတယ်​"

"မာန်​..........."

"ခင်​ဗျား​ရှေ့တိုးမလာနဲ့လင်းအာရုဏ်​။ဒါ​တွေအားလုံးခင်​ဗျား​ကြောင့်​ပဲ။ခင်​ဗျားသာ...ခင်ဗျားသာဒီလူ့လောကထဲမှာမရှိရင်​ဒီလို​တွေဖြစ်​မှာမဟုတ်​ဘူး။ခင်​ဗျားကအတ္တကြီးပြီအကို​လေးကိုကျွန်​​တော်​နဲ့ခင်​ဗျားနှစ်​​ယောက်​ထဲကတ​ယောက်​​ရွေးခိုင်းခဲ့လို့ဒီပြသနာ​တွေအကုန်​​ပေါ်လာတာ။ခင်​ဗျား​ကြောင့်​ပဲ"

လင်း​Where stories live. Discover now