💓အပိုင်း(၁၁)💓

103 4 0
                                    

"​ဗျာ.....အန်​တီအဲဒါဘာ​ပြောတာလဲ။မာန်​က...မာန်​က...အန်​တီတို့ရဲ့​မွေးစားသားဟုတ်​လား"

"သားမသိ​သေးဘူးလား။သားကြီးကြီးကသားကို​ပြောပြမယ်​မှတ်​​နေတာ။"

"အာရုဏ်​ကြီးကြီးလည်းသိတယ်​​ပေါ့ဟုတ် ​လားအန်​တီ"

"​အေးကွယ့်​။အာရုဏ်​​လေးသိမှာပါ။သားမိဘ​တွေရဲ့accidentမှာတစ်​ဖက်​မိသားစုကလည်းက​လေးတ​ယောက်​ပဲကျန်​ခဲ့တယ်​ဆိုတာ​လေ။အန်​တီတို့ကအဲဒီက​လေးကို​မွေးစားခဲ့တယ်​​လေ။အဲဒီက​လေးကမာန်​​လေ"

"ဗျာ......"

"ကဲအန်​တီအလုပ်​ရှိ​သေးလို့သွားလိုက်​ဦးမယ်​ကွယ်​။နောက်​မှ​တွေ့ကြတာ​ပေါ့ကွယ်​"

အန်​တီထွက်​သွားမှ

"အာရုဏ်​မင်းဘာဖြစ်​​နေတာလဲ။ဘာလို့​သွေးပျက်​​နေတာလဲ"

အာရုဏ်​မှာဘာစကားမှပြန်​မ​ပြောနိုင်​​လောက်​​အောင်​အံ့သြ​​နေတယ်​။ထမင်း​တောင်​သွားမစားနိုင်​ဘဲအခန်းထဲပြန်​ဝင်​ခဲ့တယ်​။သဇင်​တို့ကိုအကုန်​ရှင်းပြလိုက်​တယ်​။

"ဒါဆိုနင်​မာန်​ကိုအခုမုန်းသွားပြီလား"

"ငါမသိ​တော့ဘူး......ဘာမှမသိ​တော့ဘူး"

"မင်းမာန်​ကိုမမုန်းသင့်​ဘူးလို့ငါထင်​တယ်​​အာရုဏ်​။မင်းဇွဲမာန်​သစ်​ကိုချစ်​ခဲ့တုန်းက​တော့မာန်​ကြောင့်​မင်းတို့လမ်းခွဲခဲ့ရတယ်​ဆို​တော့မင်းသူ့ကိုမုန်းလို့ရတယ်​။ဒါပင်​မဲ့အခုကျ​တော့မင်းဇွဲကိုမချစ်​​တော့ဘူး​လေ။ဒါ​ကြောင့်​မင်းတို့လမ်းခွဲခဲ့တာနဲ့ပတ်​သက်​ပြီးမာန်​ကိုအပြစ်​မတင်​နဲ့​တော့"

"ငါက​တော့ဇွဲနင့်​ကိုချစ်​​နေတုန်းပဲလို့ထင်​​တယ်​အာရုဏ်​"

"နင်​ကဘာလို့အဲဒီလိုထင်​တာလဲသဇင်​"

"ဇွဲအ​နေနဲ့အဲဒီအချိန်​တုန်းကမာန်​ကို​ရွေးခဲ့တယ်​ဆိုတာမိဘမဲ့​က​လေးတ​ယောက်​ကိုမရက်​စက်​ချင်​လို့​ရွေးခဲ့တာ။ဒါပင်​မဲ့သူနင့်​ကိုအရမ်းချစ်​တယ်​။အဲဒါ​ကြောင့်​သူစစ်​ကိုင်းကိုပြန်​လာခဲ့တာ​ပေါ့။ပြီး​တော့မာန်​ကသူ့​မွေးစားညီဆိုတာသူနင့်​ကိုမ​ပြောခဲ့ဘူး​လေ။အဲဒီလို​ပြောလိုက်​ရင်​​နင်​မာန်​ကိုမုန်းပြီးလမ်းခွဲမှာစိုးလို့မ​ပြောခဲ့တာ။နင်​မာန်​နဲ့​ပျော်​​နေတာသူမြင်​​တော့မာန်​နဲ့လမ်းခွဲပြီးနင်​စိတ်​ညစ်​​နေမှာစိုးလို့သူရင်​အနာခံပြီးနင့်​ကိုဘာမှမ​ပြောခဲ့တာ​ပေါ့"

"ဒါဆိုငါအခုဘာလုပ်​သင့်​လဲ"

"နင့်ကိုယ်​နင်​​သေချာပြန်​​မေး​လေ။နင်​ဘယ်​သူ့ကိုတကယ်​ချစ်​လဲ။နှစ်​​​ယောက်​လုံးလို့​တော့မ​ပြောနဲ့"

"ငါ.................."

"မင်းအခုချိန်​မှာပြန်​မ​ဖြေပါနဲ့ဦးစဉ်းစားလိုက်​ဦး"

💚💚💚💚💚💚💚💚💚💚

ည​နေကျမှမာန်​အိမ်​ပြန်​လာတယ်​။ဧည့်​ခန်းထဲမှာအာရုဏ်​တ​ယောက်​တည်းထိုင်​​နေ​တော့

"ကိုလင်းကြီး​မေ​ရော်​"

"ကြီးကြီးအပြင်​သွားတယ်​။ဒီ​နေ့အိမ်​ပြန်​မလာဘူး"

"ဒါဆိုဒီ​နေ့ကိုကိုနဲ့က​လေးနှစ်​​ယောက်​တည်း​ပေါ့"

"က​လေး၊ကိုကို​မေးစရာရှိတယ်​။က​လေးကဇွဲနဲ့ညီအကို​တွေလား"

"ကိုကိုအဲဒီလို​မေးတယိဆိုကတည်းကကိုကိုသိပြီးသား​နေမှာပါ။က​လေးနဲ့ဇွဲမာန်​သစ်​နဲ့ကဘာမှမ​တော်​စပ်​ပါဘူး။ဇွဲမာန်​သစ်​ရဲ့မိဘ​တွေကက​လေးကို​မွေးစားလိုက်​လို့သာသူနဲ့က​လေးကညီအကို​တော်​သွားတာပါ"

"အဲဒါ​တွေကိုဘာလို့က​လေးကကိုကို့ကိုမ​ပြောခဲ့တာလဲ"

"က​လေးကအမှန်​တိုင်း​ပြောခဲ့ရင်​​ရောကိုကိုကက​လေးကိုချစ်​ပါဦးမလား။က​လေးကကိုကို့ကိုချစ်​လို့ကိုကိုရဲ့အချစ်​ကိုမရမှာစိုးလို့ညာခဲ့တာပါ။က​လေးကိုခွင့်​လွှတ်​​​ပေးနိုင်​တယ်​မှတ်​လား"

ရင်​ခွင်​ထဲ​ခေါင်းတိုးဝင်​ပြီး​ပြော​နေတဲ့သူ့ကို​ခေါင်း​လေးပွတ်​​ပေးလိုက်​ပြီး

"က​လေးနဲ့ပတ်​သက်​တဲ့အရာအားလုံးကို...ကိုကိုခွင့်​လွှတ်​​ပေးပါတယ်​ကွာ"

"အဲဒါ​ကြောင့်​ကိုကို့ကိုချစ်​တာ"

ပါးကိုနမ်းပြီးထ​ပြေးသွားတဲ့​က​လေးကိုကြည့်​ပြီးစိတ်​ထဲ​လေး​နေမိတယ်​။က​လေးကိုကို့ကိုညာထားတာအဲဒါ​ကြောင့်​တင်​ဟုတ်​ရဲ့လားက​လေးရယ်​။

•••••••••••••••••••••••••••••••••••••••••••

လင်း​Where stories live. Discover now