💗အပိုင်း(၇)💗

130 5 0
                                    

"​ဟော...သားမာန်​ပြန်​လာပြီလား"

အိမ်​ထဲဝင်​ဝင်​ချင်းဧည့်​ခန်းထဲထိုင်​​နေ​သောကြီး​မေအ​မေး​ကြောင့်​ကြီး​မေ​ရှေ့ခဏဝင်​ထိုင်​ပြီး

"ဟုတ်​ပြန်​လာပြီကြီး​မေ။ဒါနဲ့ကိုလင်း​ရော်​"

"သားလင်းသူ့အခန်းထဲမှာသား။ဒါနဲ့သားတို့နှစ်​​ယောက်​ရန်​ဖြစ်​ကြပြန်​ပြီလား"

"ဗျာမဖြစ်​ပါဘူးကြီး​မေ"

"မနက်​တုန်းကထွက်​သွားတာအတူတူသွားတာကိုဘာလို့တ​ယောက်​စီပြန်​လာတာလဲ"

"Awwသားကမမဖူးတို့နဲ့​အပြင်​ခဏလိုက်​သွားလို့ပါ။ကိုလင်းကမလိုက်​ချင်​ဘူးဆိုပြီးအရင်​ပြန်​သွားလို့"

"Aww​အေးပါကွယ်​။"

"သားသွားနား​တော့မယ်​​နော်​ကြီး​မေ"

"​အေး​အေးသွားနားလိုက်​​တော့သားမာန်​"

ကြီး​မေကိုနှူတ်​ဆက်​ပြီးအ​ပေါ်တက်​ခဲ့လိုက်​တယ်​။ကြီး​မေကိုစိတ်​မပူ​ဆေချင်​လို့ညာလိုက်​ရတယ်​​လေ။ကိုလင်းကလည်းဇွဲဆိုတဲ့နာမည်​ကြားတာနဲ့ချက်​ချင်းကိုထပြန်​သွားတာ။

ဒေါက်​........​ဒေါက်​(တံခါး​ခေါက်​သံ)

"ကိုလင်း...ကျွန်​​တော်​ဝင်​ခဲ့မယ်​​နော်​"

ပြန်​​ဖြေသံမကြားလို့တံခါးဖွင့်​ကြည့်​​တော့တံခါးလည်းပွင့်​​နေတာနဲ့အထဲဝင်​သွားလိုက်​တယ်​။ကိုလင်းကစာကြည့်​စားပွဲ​ပေါ်​ခေါင်းတင်​ပြီးအိပ်​​နေ​လေရဲ့။သူ့ပါး​ပေါ်မှာ​တော့မ​ခြောက်​​သေးတဲ့မျက်​ရည်​​တွေဟာသူ့မျက်​လုံးအိမ်​ထဲကစီးကျ​နေတယ်​။
မျက်​ရည်​​တွေကိုလက်​​လေးနဲ့အသာသုတ်​​ပေးလိုက်​ပြီး

"ကိုလင်းရယ်​အခုလိုမျိုးတ​ယောက်​ထဲမျက်​ရည်​ကြိတ်​ကျခဲ့တာဘယ်​​လောက်​​တောင်​ကြာခဲ့ပြီလဲ။အခုချိန်​ကစပြီးကိုလင်းမျက်​ရည်​ကျချင်​ရင်​ကျွန်​​တော့​ပြောပါ။ကျွန်​​တော်​မျက်​ရည်​သုတ်​​ပေးပါရ​စေ"

(ဒီစာ​ကြောင်း​လေးကိုသိတဲ့သူသိမယ်​ထင်​ပါတယ်​။)

....................................................

လင်း​Where stories live. Discover now