💘အပိုင်း(၁၃)💘

115 5 3
                                    

" ဒါ....ဒါဘာ​သ​ဘောလဲ"

"ကိုကို........."

လှည်​ကြည့်​လိုက်​​တော့အားထက်​မာန်

"က​လေး.......ဒါကဘာသ​ဘောလဲ။ဒါဘာ​တွေလဲ"

"စာအုပ်​ဖတ်​ပြီးပြီ​ပေါ့။ဒါဆိုလည်းဘာမှထပ်​ရှင်းစရာမလို​တော့ဘူးထင်​ပါတယ်​"

"မင်း​ရေးထားတဲ့အကို​လေးဆိုတာဇွဲကို​ပြောတာမှတ်​လား"

"ဟုတ်​တယ်​​လေဇွဲမာန်​သစ်​ကို​ပြောတာ"

အားထက်​မာန်​လည်းကုတင်​​ပေါ်ထိုင်​လိုက်​ပြီးလင်းအာရုဏ်​​မေးတဲ့​မေးခွန်းကိုပြန်​​ဖြေလိုက်​တယ်​။

"မင်းဇွဲကိုချစ်​ခဲ့တာလား"

"ချစ်​ခဲ့တာမဟုတ်​ဘူး။အခုထိချစ်​​နေ​သေးတာ"

"ဘာ....ဒါဆိုမင်းချစ်​သူဖြစ်​တဲ့ငါက​ရောဘာလဲ"

"အသုံးချခံ​ပေါ့......."

"ဘာ........."

"​ပြောတာမရှင်းလို့လား။ဒါမှမဟုတ်​မကြားလိုက်​တာလား"

"ငါ......ငါနားမလည်​ဘူး။"

"တုံးလိုက်​တာ။အဲဒါ​ကြောင့်​မို့မင်း​ရှေ့မှာအပြစ်​ကင်းတဲ့​ကောင်​​လေးတ​ယောက်​အဖြစ်​ဟန်​​ဆောင်​ဖို့်လွယ်​တာ​ပေါ့။မင်းနဲ့ဇွဲမနီးစပ်​ဖို့မင်းကိုငါ့အနားမှာ​ခေါ်ထားတာ​လေ။"

"မင်း......မင်း.........။ငါဘာ​တွေများလုပ်​လို့ငါ့ကိုမုန်းရတာလဲ။"

"အကို​လေးနဲ့ကျွန်​​တော်​နဲ့ကငယ်​ငယ်​ကတည်းကသူငယ်​ချင်း​တွေ။၅တန်းမှာအကို​လေးကစစ်​ကိုင်းကို​ပြောင်းသွားတယ်​။ကျွန်​​တော်​က​နွေရာသီတိုင်းအကို​လေးဆီလာလာလည်​တယ်​။အဲဒါ​ကြောင့်​အကို​လေးခဏခဏ​ပြော​နေတဲ့ကိုလင်းနဲ့မမဖူးကိုသိခဲ့တယ်​။နောက်​​တော့အကို​လေးမှာရီးစားရှိ​ကြောင်းသိခဲ့တယ်​။အဲဒါက​ကောင်​​လေးတ​ယောက်​ဆိုတာ​တော့မသိခဲ့ဘူး။၈တန်းမှာကျွန်​​တော်​တို့မိသားစုစစ်​ကိုင်းကိုလာလည်​ခဲ့တယ်​။ကံဆိုးချင်​​တော့ကိုလင်းတို့နဲ့accidentဖြစ်​သွားခဲ့တယ်​​လေ။ကျွန်​​တော့ကိုအကို​လေးတို့မိသားစုက​မွေးစားခဲ့ပင်​မဲ့အကို​လေးက​တော့ကျွန်​​တော့်​ကိုမုန်းသွားပြီးလျစ်​လျူရှူသွားခဲ့တယ်​။အ​ကြောင်းပြချက်​မသိရဘဲနှစ်​နှစ်​တိတိအကို​လေးရဲ့အမုန်းကိုကျွန်​​တော်​ခံခဲ့ရတယ်​။အကို​လေးနိုင်​ငံခြားသွားခါနီးမှာကျွန်​​တော့်​ကိုအကုန်​ရှင်းပြခဲ့တယ်​။ကိုလင်းနဲ့အကို​လေးလမ်းခွဲရတာကျွန်​​တော့်​​ကြောင့်​ဆိုပြီးအကို​လေးကျွန်​​တော့်​ကိုမုန်းခဲ့သလိုအကို​လေးကျွန်​​တော့်​ကို့မုန်းရတာကိုလင်း​ကြောင့်​ဆိုပြီးကိုလင်းကိုကျွန်​​တော်​မုန်းခဲ့တယ်​။အကို​လေးနိုင်​ငံခြားထွက်​သွားပြီးကျွန်​​တော်​တို့ရန်​ကုန်​ကို​ပြန်​​ပြောင်းခဲ့တယ်​။ဆယ်​တန်း​အောင်​ပြီး​တော့ကိုလင်းကိုလက်​စားပြန်​​ချေဖို့စီစဉ်​ခဲ့တယ်​။စစ်​ကိုင်းကိုလာခဲ့တာကိုလင်းကိုလက်​စား​ချေဖို့။ကိုလင်းတက်​တဲ့သင်​တန်းမှာတက်​ခဲ့တာကိုလင်းနဲ့​တွေ့ဖို့၊ကိုလင်းထိုင်​တဲ့ခုံမှာထိုင်​ခဲ့တာကိုလင်းကျွန်​​တော့်​ကိုသတိထားမိဖို့၊ကိုလင်းကိုဂရုစိုက်​ခဲ့တာကျွန်​​တော့်​ကိုကြိုက်​လာဖို့။အားလုံးကစီစဉ်​ထားခဲ့တာ​တွေချည်းပဲ။"

"မင်းဒီ​လောက်​ထိလုပ်​ရက်​မယ်​ထင်​မထားဘူးမာန်​"

"အစတုန်းက​တော့ကိုလင်းနဲ့ကျွန်​​တော်​ချစ်​သူဖြစ်​ပြီးသွားရင်​လမ်းခွဲပြီးကိုလင်းကိုအသဲကွဲ​အောင်​လုပ်​မလို့ပဲ။ဒါပင်​မဲ့မ​မျှော်​လင့်​ဘဲအကို​လေးကပြန်​လာခဲ့တယ်​။ကျွန်​​တော်​လမ်းခွဲ​ပေးလိုက်​ရင်​အကို​လေးနဲ့ကိုလင်းနဲ့ပြန်​နီးစပ်​သွားမှာ။အဲဒီလို​တော့မဖြစ်​​စေချင်​ဘူး။ဒါ​ကြောင့်​ကိုလင်းကိုဆက်​တွဲခဲ့တာ။"

"ငါ....မင်းနဲ့လမ်းခွဲမယ်​အားထက်​မာန်​။မင်းကိုငါဆက်​မချစ်​နိုင်​​တော့ဘူး"

"ရမယ်​ထင်​လို့လား။ကျွန်​​တော်​ကကျွန်​​တော်​ကို.....ကိုလင်းလက်​ထပ်​ခွင့်​​တောင်းတဲ့အ​ကြောင်းအာလုံးကို​ပြောပြီးပြီ။"

"ဘာ............"

"အခုကြီး​မေကကျွန်​​တော်​တို့အိမ်​မှာ။အ​ဖေနဲ့အ​မေတို့နဲ့ကျွန်​​တော်​တို့အ​ကြောင်း​ပြော​နေတယ်​။ဘယ်​လိုဆက်​လုပ်​မယ်​ဆိုတဲ့အ​ကြောင်း​ပေါ့"

"ဘာ........"

"မအံ့သြပါနဲ့။အခုမှလူကြီး​တွေကိုကျွန်​​တော်​တို့လမ်းခွဲလိုက်​ပြီလို့​ပြောလို့ရပါ​တော့မလား။ကျွန်​​တော်​က​ရောအဲဒီလိုအ​ပြောခံမယ်​ထင်​လား"

"မင်းကဇွဲအတွက်​နဲ့မင်းမချစ်​တဲ့သူ​ဘေးမှာတသက်​လုံး​နေသွားမယ်​စဉ်းစားထားတာလား၊မင်း​စိတ်​ညစ်​ခံပြီး​တော့​လေ"

"​နေမှာ။အကို​လေးအတွက်​ဆိုကျွန်​​တော်​မ​ပျော်​ရွှင်​ရလည်းကိစ္စမရှိဘူး။"

"မင်​ဒီလိုလုပ်​လည်းဘာမှထူးလာမှာမဟုတ်​ဘူး။နောက်​ကျရင်​ဇွဲမှာအခြားချစ်​သူရှိလာမှာပဲ​လေ"

"အဲဒီအခါကျရင်​အဲဒီလူကိုသတ်​ရုံပဲ​ပေါ့။ဘာထူးဆန်းလို့လဲ"

"ဘာ......မာန်​မင်း​ဘာ​ပြောလိုက်​တယ်​"

"အကို​လေးတွဲတဲ့သူကမိန်းက​လေးဖြစ်​​နေသ​ရွေ့ကိစ္စမရှိဘူး။ယောကျာ်း​လေးသာဆိုရင်​​တော့အဲဒီလူကိုကျွန်​​တော်​ကိုယ်​တိုင်​သတ်ပစ်​​မှာ။အကို​လေး​ယောကျာ်း​လေးတ​ယောက်​ကိုချစ်​သူ​တော်​ပြီးပတ်​ဝန်းကျင်​မှာအ​ပြောခံရမဲ့အဖြစ်​မျိုးခွင့်​မပြုနိုင်​ဘူး။"

"မင်းရူးသွားပြီအားထက်​မာန်​.....မင်းရူးသွားပြီ"

အသံလာရာလှည့်​ကြည့်​​တော့

"ဇွဲ....."

"အကို​လေး"

••••••••••••••••••••••••••••••••••••••••••

လင်း​Where stories live. Discover now