💞အပိုင်း(၆)💞

131 6 0
                                    

လွန်​ခဲ့​သော(၅)နှစ်​ခန့်​က......

"ကိုကို..မနက်​ဖြန်​​ကျောင်းပိတ်​တယ်​။ဇွဲအိမ်​လာခဲ့ပါ့လား"

"Sorryဇွဲ၊မနက်​ဖြန်​ကိုကို့ကြီးကြီးအိမ်​သွားလည်​မလို့"

"😕😕😕"

စိတ်​ကောက်​သွားတဲ့ဇွဲပုံစံကတကယ့်​က​လေး​လေးလိုပဲ။အဲဒါ​ကြောင့်​လည်းကျွန်​​တေါ်လင်းအာရုဏ်မှာ​​သူ့ကိုအသက်ထက်ပို​​ချစ်​​နေရတာ​ပေါ့။ကျွန်​​တော်​နဲ့သူချစ်​သူဖြစ်​တာ၂နှစ်​ပြည့်​ပြီ​လေ။

"စိတ်​မဆိုးပါနဲ့ဇွဲရာ။ကိုကိုလည်းမင်းဆီလာချင်​တာ​ပေါ့။ဒါပင်​မဲ့အ​ဖေတို့ကမလိုက်​ဘဲမ​နေရဘူးဆိုလို့ပါကွာနော်​.....​နော်​"

"😕😕😕"

"ဇွဲ​လေးကလည်းကိုကို့ကိုနားလည်​​ပေး​လေကွာ​နော်​။အဲဒီအစား​နောက်​ပိတ်​ရက်​ကျရင်​ကိုကိုဇွဲနဲ့တ​နေကုန်​အတူ​နေ​ပေးမယ်​​လေကွာ​နော်​"

"တကယ်​လား😒😒"

"တကယ်​​ပေါ့ဇွဲ​လေးရဲ့"

တော်​​သေးတာ​ပေါ့။အခုမှမျက်​နှာ​လေးကပြန်​ပြုံးလာလို့။

"ဒီတခါ​တော့ခွင့်​ပြု​ပေးလိုက်​မယ်​။ကိုကို့အ​ဖေတို့နဲ့သွားရမှာဆိုလို့​နော်​"

"ဟုတ်​ပါပြီ။ကိုကို့ဇွဲကအရမ်းလိမ္မာတာပဲ။ဒါ​ကြောင့်​ကိုကိုကချစ်​​နေရတာ"

"အဲဒ်ီပါးစပ်​ကအပို​တွေ​ပြောသိလား..."

ဒီ​နေ့ဇွဲက​ကျောင်းမတက်​ချင်​ဘူးဆိုလို့သူနဲ့အတူ​ပန်းခြံကို​ရောက်​​နေတာ​လေ။ဒါပင်​မဲ့သဇင်​ကို​တောင်​ကျွန်​​တော်​တို့နှစ်​​ယောက်​ကချစ်​သူဆိုတာအသိ​ပေးမထားဘူး။ပတ်​ဝန်းကျင်​ကရှုံ့ချမှူ​၊ကဲ့ရဲ့မှူ​တွေကိုဇွဲ​လေးမခံနိုင်​မှာစိုးတယ်​။

"ကိုကို....ကိုကိုလို့"

"ဟင်​...ဘာလဲဇွဲ"

ကျွန်​​တော့်​ရင်​ခွင်​ထဲမှာမှီပြီးကျွန့်​​တော့်​ကို​ခေါင်း​မော့ကြည့်​​နေတယ်​။

"ကိုကိုဘာ​တွေ​တွေး​နေလို့ဇွဲ​ခေါ်တာကို​တောင်​မကြားတာလဲ။"

လင်း​Where stories live. Discover now