" သင်အဆင်သင့်ဖြစ်တဲ့တစ်နေ့ အချစ်ကသင့်ကိုရှာတွေ့ပါလိမ့်မယ် "
ဆိုတဲ့ ဆိုရိုးရိုးစကားလေးတစ်ခုရှိတယ်တဲ့ ။
Min Yoongi ဆိုတဲ့ ကျွန်တော်က အသက်တောင် 30 ကျော်ပြီးလို့ 31 တောင်ပြည့်တော့မယ်။
အခုထိ အဆင်သင့်မဖြစ်သေးလို့လားမသိပါဘူး ။
အခုအရွယ်ထိ ဘာအချစ်ကမှ ကျွန်တော့်ကို လာမရှာဘူး။ တွေ့လဲမတွေဘူး။
အဆင်သင့် ဖြစ်တဲ့အရွယ်များကျော်သွားလို့ အချစ်က ကျွန်တော့်ကိုများ ပယ်ထားခဲ့တာလားမသိ။
ဒါမှမဟုတ် သေတဲ့အချိန်ထိများ ကျွန်တော်က အဆင်သင့်မဖြစ်သေးဘူးလားမသိပါဘူးလေ။
ဒါပေမဲ့ ရင်တော့ခုန်သားဗျ ။
ကျွန်တော်အဆင်သင့်ဖြစ်တဲ့နေ့ ပေါ်လာမဲ့ အချစ်အတွက်။
ဟုတ်တယ်လေ ။ အခုချိန်ထိပေါ်မလာသေးပေမဲ့ နောက်တစ်ချိန်မှာလဲ ပေါ်လာနိုင်တာဘဲလေ။
ဘယ်လိုမိန်းကလေးမျိုးက သူ့အတွက်ဆိုပြီးတော့မှ ပေါ်လာမလဲလို့ ဆိုပြီး မျှော်လင့်နေရမှာပေါ့ ။
" boss ဘာတွေတွေးနေတာလဲ သမီးပေးတဲ့ ဖိုင်ကြီးကို ကိုင်ပြီး တော့ အဲ့ဖိုင်က လက်မှတ်ထိုးရမှာလေ "
အတွေးနယ်လွန်နေတုန်း ဘေးက အတွင်းရေးမှူးမလေး Min Ju ရဲ့အသံသေးသေးကြောင့် Yoongi လက်ရှိကမ္ဘာထဲသို့ တဖန်ပြန်ရောက်ရှိလာသည်။
" အဟမ်း "
အရှက်ပြေချောင်းတစ်ချက်ဟန့် လိုက်ပြီး
" ငါသိတယ် လျှာမရှည်နဲ့ နင်ယူလာတဲ့ ဖိုင်က စာရင်းတွေ မှန်မှမှန်ပါ့မလားလို့ စစ်ကြည့်နေတာ"
ကိုင်ထားတဲ့ ဖိုင်ကို လက်မှတ်မြန်မြန်ထိုးပေးလိုက်ပြီး သူမကို ပြန်ပေးလိုက်သည်။
" မသိပါဘူး သမီးက မရှိသေးတဲ့ ချစ်သူအကြောင်းများတွေးပြီး စိတ်ကူးနယ်ချဲ့နေတာလားလို့ "
YOU ARE READING
Hopeful Love
Romanceအချစ်ဆိုတာကြီးကို မျှော်လင့်တကြီးနဲ့ ဘယ်အချိန်တွေ့မလဲလို့စောင့်မျှော်နေသော်လည်း တကယ်တမ်းတွေ့တဲ့အချိန်မှာကျတော့ ကိုယ့် အသက်ထက်ဝက်ငယ်တဲ့ကောင်လေးဖြစ်နေသောအခါ............. အချစ်ဆိုတာကြီးကို မျှော်လင့်တကြီးနဲ့ ဘယ်အချိန်တွေ့မလဲလို့စောင့်မျှော်နေသော်လည်း...