4💕

288 39 5
                                    

" အမ် "

ဘာရယ်။ ယဉ်ကျေးမှုမရှိတဲ့ taehyung သူငယ်ချင်း ????

လူကြီးပြောတာကို နားမလည် ပေမဲ့ လူကြီး စကားပြောလိုက်ရင် လှုပ်နေတဲ့ ပန်းနုရောင် နှုတ်ခမ်းလေးကိုငေးကြည့်ရင်း နမ်းချင်စိတ်တွေက တစ်ဖွားဖွား။

လူတစ်ယောက်ဖြစ်ပြီး ဒီလောက်တောင်ပြည့်စုံနေဖို့လိုသလားကွာ။ဒီလူကြီးဟာလေ ဆွဲဆောင်နိုင်လွန်းတယ်။

" ပြောနေတာမကြားဘူးလား ငါပြောတာပြုံးစရာပါလို့လား "

လူကြီး ရဲ့ အသံသြရှရှလေး ကြားလိုက်မှ jimin တစ်ယောက် အသိကပ်လာသည်။

" လူကြီး အဲ့လောက်ကြီး ချစ်စရာကောင်းအောင် မနေစမ်းပါနဲ့ chim chim ဖက်နမ်းမိလိမ့်မယ်  😉 "

" ဘာရယ် 😡 "

ချစ်စရာကောင်းအောင်မနေနဲ့ ဖက်နမ်းမိလိမ့်မယ် ဟုတ်လား ????? 

ကိုယ်ပြောလိုက်တဲ့ စကားကြားပြီး ရှုးရှုးရှဲရှဲ နဲ့ မျက်နှာတွေ နီလာတဲ့ အထိ ဒေါသထွက်သွားတဲ့ လူကြီးကို ကြည့်ပြီး Jimin တစ်ယောက် အချစ်တွေပိုနေရသည်။

" မင်းအခုနက ဘာပြောလိုက်တယ် ? "

" လူကြီး ကြားပါတယ် chim chim ပြောတာကို ရှင်းရှင်းလင်းလင်းကို ဟုတ်တယ်မလား "

သူ့ဝက်နှုတ်ခမ်းကြီး နဲ့ တစ်လုံးချင်းစီကို ဖိပြောနေတဲ့ ကောင်လေးကိုကြည့်ပြီး Yoongi တစ်ယောက် ဆွံ့ အနေသည်။

ဒီနေရာမှာဘဲ ဆက်နေရင် Yoongi အတွက် အကျိုးမရှိတာကြောင့် ဇာတ်လမ်းဖြတ်ဖို့ စိတ်ကူးလိုက်သည်။

" မကြားဘူး "

ကြားရဲ့သားနဲ့ မကြားဘူးလို့ ဖင်ပိတ်ငြင်းနေတဲ့ လူကြီးကို ကြည့်ပြီး အိမ်ထမ်းပြန်သွားချင်တဲ့ စိတ်တွေဘဲ စိုးမိုးနေသည်။

" အဲ့ဆို ထပ်ပြောပေးရမလား လူကြီး အဲ့လောက်ကြီး ... "

" ဒီမှာ Park Jimin ကျောင်းသား အရည်မရအဖတ်မရစကားတွေအတွက် ကျွန်တော့မှာ အချိန်မရှိဘူးခင်ဗျ   ကျွန်တော်အခု meeting ရှိသေးလို့ ကားကိစ္စကိုသာဘယ်လိုလုပ်ပေးမလဲ ပြောပါဦး "

ohh ! Park Jimin တဲ့ ။ ဒါဆို ငါ့ကို လူကြီးက သိနေတာလား ? အခုမှကြည့်မိတော့ ဒီကားက ဟိုနေ့က Taehyung လေးလေးရဲ့ ကား ?

Hopeful LoveWhere stories live. Discover now