6

196 16 3
                                    

Unicode

" ဟယ်လို လူကြီး "

ဆိုင်ကယ်ကိုမှီပြီး သူ့ဘက်ကို လက်ရမ်းပြနေတဲ့
ယဉ်ကျေးမှုမရှိတဲ့ကောင်လေးကိုကြည့်ပြီး Yoongi စိတ်တွေ နောက်ကျိသွားသည်။

ဘယ်လိုဖြစ်လို့ ရောက်လာပြန်တာလဲ မသိ။ ကုန်ကျစရိတ်တွေကို Tae Hyung ဆီက တစ်ဆင့်ပေးလိုက်ပါလို့ပြောထားရဲ့သားနဲ့ ။

" ပေး "

" ဘာပေးရမှာလဲ လူကြီးရဲ့ "

စိတ်ရှုပ်နေတဲ့ပုံနဲ့ နက်ကတိုင်လျော့သွားအောင် ဆွဲလိုက်ပြီး သူ့ရှေ့ကို လက်လေးဖြန့်ကာ ပေးဆိုပြီးလာတောင်းနေတဲ့ လူကြီးကိုကြည့်ပြီး ဆွဲမွလိုက်ချင်စိတ်တွေ ထိန်းထားရသည်။

" ကုန်ကျစရိတ်ပေးဖို့လာတာမဟုတ်ဘူးလား မြန်မြန်ပေး ငါအလုပ်ရှိသေးတယ် "

အခုမှအလုပ်ထဲကထွက်လာတဲ့ဟာကို အလုပ်ရှိသေးတယ်ဆိုပြီး ပြောနေတဲ့ လူကြီးတစ်ယောက်ဟာဖြင့် သူ့ကိုယ်သူလိမ်တဲ့နေရာမှာ ပရို လို့ထင်နေတာလားမသိပေ။

" မဟုတ်ပါဘူး ... Chim Chim က လူကြီးကိုကြည့်ဖို့လာတာ လူကြီးမှဘယ်လောက်ကျလဲဆိုတာ Chim Chim ကိုမှမပြောရသေးတာ "

" TaeHyung ဆီ ဘောက်ချာပို့ပေးလိုက်တယ်လေ ပုံရိုက်ပြီး "

" အင်းလေ လူကြီးကားကိုတိုက်သွားတာက TaeHyung လား Chim Chim ကိုပို့ရမှာမဟုတ်ဘူးလား "

အရေးထဲမှ စကားကိုတမင် ကပ်ပြောပီးတော့ လာရစ်နေသေးတဲ့ ဆံပင်ပန်းရောင်နဲ့ ကောင်လေး ခေါင်းကို ဆယ့်နှစ်ချက်လောက် ပြေးခေါက်ပြီး ဆုံးမလိုက်ချင်တာ လက်ကိုယားလို့။

Tae Hyung သာဆိုရင်ဘယ်ကတည်းက သူ့လက်စာမိနေပြီလဲမသိ။ အခုက သူနဲ့ ဘာအမျိုးမှ မတော်လို့သာ သည်းခံနေရတာ။

မပစ်ရသေးတဲ့ ဘောက်ချာကို လက်ဆွဲအိတ်ထဲ ဟိုနှိုက်ဒီနှိုက်နှဲ့ရှာပြီး ထွက်လာမှ အဲ့ကလေးဆီ လှမ်းပေးလိုက်သည်။

" ရပြီမလား ပေးတော့ "

" ပေးမယ် ဒီလောက်ဘဲကျတာလား Omma ဆီက တောင်းလာတာတောင်များနေသေးတယ် "

ဘောက်ချာကို ဖင်တစ်ပြန် ခေါင်းတစ်ပြန်ကြည့်နေတဲ့ အဲ့ကလေးကြောင့်  လက်ကြိုဖြန့်ထားလိုက်သည်။ ပိုက်ဆံသာပေးလာရင် မြန်မြန်ယူပြီး မြန်မြန်ပြန်ရအောင်လို့။

Hopeful LoveWhere stories live. Discover now