Part -3
ဘုတ်
" ပြန်လာပြီလား Omma ချစ်ချစ်ရေ "
Jimin က ဧည့်ခန်း စားပွဲပေါ် လွယ်အိတ်ကို အသံမြည်အောင် ချလိုက်ပြီး ထိုင်နေတဲ့ Omma ကို နားသွားကာ Omma ရင်ခွင်ထဲ ကလေးတစ်ယောက်လို ပြေးဝင်လိုက်သည်။
omma က ဖတ်နေတဲ့ စာအုပ်ကိုချလိုက်ပြီး Jimin ရဲ့ ပန်းနုရောင် ဆံပင် နုနုလေးတွေကို နမ်းရှိုက်ရင်းပြောလာသည်။
" အိမ်ကကား မရောက်လာဘူး omma ဒီနေ့ Taehyung လိုက်ပို့ပေးတာ "
သူက Omma ရင်ခွင်ထဲက ထွက်ပြီး နူတ်ခမ်းစူကာပြောလိုက်သည်။
" ဟုတ်လား နောက်နေ့စောစောလာကြိုဖို့ပြောလိုက်မယ်နော် "
" အဲ့လိုမလုပ်ဘဲနဲ့ ကျောင်းမတက်တော့ဘူးလေ Omma ဟင် Chim Chim ပျင်းတယ်လို့ "
သူက omma ရင်ခွင်ထဲတစ်ခါပြန်ဝင်ပြီး အသံကို ချွဲ့နွဲ့ကာပြောတော့ omma က သက်ပြင်းတစ်ခုကို ဟင်း ခနဲချသည်။
" တော်ပြီ သား ကျောင်းကတက်မှကို ရမှာ တခြားဟာကြိုက်တာပြော omma ဖြည့်ဆည်းပေးမယ် "
" အဲ့ဆို ကျောင်းကို အိမ်ကကား လာမကြိုခိုင်းနဲ့ ဆိုင်ကယ် ဝယ်ပေး"
သူကမဆိုင်းမတွပြန်ဖြေလိုက်တော့ omma က မျက်လုံးကြီးတွေပြူးထွက်လာသည်။
" ဆိုင်ကယ် ?????"
" အင်းဆိုင်ကယ် Omma တအားကြိုက်တဲ့ drama ထဲက မင်းသားတွေ စီးသလိုမျိုး ကြီးတဲ့ဟာ "
" သား အဲ့လိုမျိုးက အန္တာရယ် ရှိ ....."
" omma ပြောပြီးသား ကတိမဖျက်ရဘူးနော် .... chim chim အပေါ်တက်တော့မယ် ဝယ်ထားပေးနော် မနက်ဖြန် ဆိုင်ကယ်နဲ့ သွားမယ် "
သူက omma စကားကို အဆုံးမခံဘဲ omma ပါးကို ဘယ်ပြန်ညာပြန်နမ်းပြီး အပေါ်ထပ်ကိုပြေးတက်လာခဲ့သည်။
💕
" Noona နော် နောက်ခါကလေးသွားကြိုရင် ကိုယ့်ဘာသာကို သွားကြို ကျွန်တော် မကြိုပေးနိုင်ဘူး "
taehyung တစ်ယောက် ဇက်လေးပုကာ ဧည့်ခန်းမှာ ထိုင်နေတဲ့ omma ဘေးဝင်ထိုင်လိုက်သည်။
YOU ARE READING
Hopeful Love
Storie d'amoreအချစ်ဆိုတာကြီးကို မျှော်လင့်တကြီးနဲ့ ဘယ်အချိန်တွေ့မလဲလို့စောင့်မျှော်နေသော်လည်း တကယ်တမ်းတွေ့တဲ့အချိန်မှာကျတော့ ကိုယ့် အသက်ထက်ဝက်ငယ်တဲ့ကောင်လေးဖြစ်နေသောအခါ............. အချစ်ဆိုတာကြီးကို မျှော်လင့်တကြီးနဲ့ ဘယ်အချိန်တွေ့မလဲလို့စောင့်မျှော်နေသော်လည်း...