Park Jimin တို့တစ်ယောက် ဒီနေ့လဲ ခါတိုင်းနေ့လိုဘဲ အတန်းထဲက စားပွဲခုံပေါ်မှောက်အိပ်နေသည်။
သူမှောက်အိပ်နေတာ သိပေမဲ့လဲ ဘယ်ဆရာ၊ ဆရာမ ကမှ သူ့ကို မနိုးရဲ။ သူ့ကို လျစ်လျူရှုပြီး စာသာဆက်သင်နေသည်။
မနိုးရဲဆို သူ့ကိုထိရဲတဲ့လူမှ မရှိတာ။ သူ့လိုကောင်မျိုးကို ။
Park Jimin ဆိုတဲ့ သူကဘယ်လိုလူမျိုးလဲဆိုတော့လား ကိုးရီးယားနိုင်ငံရဲ့ အချမ်းသားဆုံးစားရင်ဝင်ဖြစ်တဲ့ Park Group ရဲ့တစ်ဦးတည်းသောသားလေ။
သူတက်နေတဲ့ ဒီကျောင်းဆိုတာလဲ သူတို့အိမ်ပိုင်တာဘဲလေ။
ဒါကြောင့် သူ့ကိုထိရဲတဲ့လူမရှိတာ မဆန်းပါဘူး။
ဒီစာတွေကို မသင်ချင်ဘူးလို့ပြောပေမဲ့ ကျောင်းမသွားရင် အိမ်ကမုန့်ဖိုးမပေးဘူးလို့ပြော လို့သာလာနေရခြင်းဖြစ်သည်။
အဆင့်လား။ အဆင့်ကတော့အမြဲတမ်း နောက်ဆုံးမှာပေါ့။ စာမှလိုက်မလုပ်တာ ဆန်းလား။
စာမေးပွဲဆိုတာသူ့သူေါာင်သွားလိမ့်မယ်။ သူ့သူအောင်လာလို့ဘဲ အထက်တန်း ဒုတိယနှစ်တောင်ရောက်လာပြီမလား။
သူမှောက်အိပ်နေရာက ထပြီး နာရီကြည့်လိုက်တော့ လေးနာရီတောင် နှစ်မိနစ် စွန်းနေပြီ။
သူက စိတ်မရှည်စွာ ကျစ် ခနဲ စုပ်သက်လိုက်တော့ စာသင်နေတဲ့ ဆရာမ ကိုယ်လေးတစ်ချက်တုန်သွားတာ သူတွေ့လိုက်ရသည်။
သူခုံမှာ ချိတ်ထားတဲ့ လွယ်အိတ်ကိုယူရင်း မတ်တပ်ထရပ်လိုက်တော့ ဆရာမ သာမက တစ်တန်းလုံးက အကြည့်တွေက သူ့ဆီမှာ ။
" မင်းကလဲကွာ ဟိုမှာ ဆရာမစာသင်နေတယ်လေ "
ဘေးက Taehyung က ဆရာမကို ကြည့်ပြီးအားနာသလိုလေးပြောလာသည်။
" သင်သင်ပေါ့ လေးနာရီထိဘဲကို အချိန်က အခုလေးနာရီကျော်သွားပြီ "
YOU ARE READING
Hopeful Love
Romanceအချစ်ဆိုတာကြီးကို မျှော်လင့်တကြီးနဲ့ ဘယ်အချိန်တွေ့မလဲလို့စောင့်မျှော်နေသော်လည်း တကယ်တမ်းတွေ့တဲ့အချိန်မှာကျတော့ ကိုယ့် အသက်ထက်ဝက်ငယ်တဲ့ကောင်လေးဖြစ်နေသောအခါ............. အချစ်ဆိုတာကြီးကို မျှော်လင့်တကြီးနဲ့ ဘယ်အချိန်တွေ့မလဲလို့စောင့်မျှော်နေသော်လည်း...