ep---7

143 13 2
                                    


မိသားစုဝင်​တစ်​​ယောက်​ကိုဆုံးရှုံးလိုက်​ရတဲ့ခံစားချက်​က ဆားမပါတဲ့ဟင်းတစ်​ခွက်​လိုဘဲ အပြင်​အဆင်​ဘဲရှိ​တယ်​ အရသာမရှိဘူး ပြီး​တော့..စွန့်​လွှတ်​လို့လဲမရဘူး..

"ဘိုးဘိုးဆီသွား​နေပါလား​မေ​မေ.."

"ဒါပင်​မဲ့သားရယ်​ သားတစ်​​ယောက်​ထဲကျ​တော့..."

"သားအရွယ်​​ရောက်​​နေပြီ​လေ​မေ​မေရယ်​...သားအသက်​၂၃နှစ်​ရှိ​နေပြီ​လေ..သားဘ၀သား​လျှောက်​သင့်​​နေပြီမဟုတ်​လား.."

"ဒါပင်​မဲ့..."

"သားဘယ်​မှထွက်​သွားတာမှမဟုတ်​ဘဲ​မေ​မေရယ်​..​မေ​မေ​တွေ့ချင်​အချိန်​မ​ရွေးလာ​တွေ့လို့ရတယ်​​လေ သားလည်းလာ​တွေ့လို့ရသားဘဲဟာ​နော်​"

"အဆင်​​ပြေပါ့မလားသားရယ်​..."

"သား​ယောကျာ်းပါ အဆင်​မ​ပြေစရာရှိပါ့မလားလို့"

"အင်းပါ..ဒါဆို​မေ​မေ ဘိုးဘိုးဆီသွား​နေ​နေလိုက်​မယ်​..ဒါပင်​မဲ့​မေ​မေအမြဲSeoulကိုတက်​လာမှာ​နော်​ဟုတ်​ပြီလား"

"ဟုတ်​ကဲ့ပါ​မေ​မေရယ်​..​မေ​မေသာဘူဆန်​မှာ​အေး​အေး​ဆေး​ဆေးအနားယူလိုက်​ပါ"

"ဟုတ်​ပါပြီ​မေ့သားရယ်​.."

တောင်းပန်​ပါတယ်​​မေ​မေ..​ရှေ့​ဆက်​​လျှောက်​မယ့်​လမ်းကကြမ်းတမ်းပြီး ခက်​ခဲ​နေမှာ ​မေ​မေ့ကိုစိတ်​ဒုက္ခမ​ပေးချင်​ဘူး မိသားစုတစ်​​ယောက်​အ​နေနဲ့ အခက်​အခဲ​တွေကို​ဝေမျှပြီး​ရှေ့ဆက်​ရမှာမှန်ပင်​မဲ့ ​ဖေ​ဖေ့အတွက်​​မေ​မေပူ​ဆွေး​နေတာနဲ့တင်​လုံ​လောက်​​နေပါပြီ ဒိထက်​ပိုပြီး​တော့စိတ်​ဒုက္ခ​တွေ​မေ​မေ့ကိုမခံစား​စေချင်​​တော့ဘူး...

🍁🍁🍁🍁🍁ချာတိတ်​🍁🍁🍁🍁🍁

"ပြည်​သူ​တွေအတွက်​ ကျွန်​​တော်​အမြဲရပ်​တည်​​ပေး​နေမှာပါ..ပြည်​သူ​တွေတိုးတက်​ဖို့အတွက်​အမြဲကြိုးစား​နေမှာမို့ ကျွန်​​တော့်​ကိုပြည်​သူ​တွေနားလည်​​မှု​တွေနဲ့​ထောက်​ခံ​ပေးဖို့​မျှော်​လင့်​မိပါတယ်​"

*Clap Clap*

ဟော​ပြောမှုပြီးစီးသည်​နှင့်​ အမတ်​ဂင်​စင်​​ပေါ်မှဆင်းကာပြည်​သူ​တွေကိုလက်​ဆွဲနှုတ်​ဆက်​ရင်း လာ​ခေါ်​သော အမဲ​ရောင်​ကား​ပေါ်တက်​လိုက်​​လေသည်​။

SPY Nextdoor (a.k.a) ချာတိတ်​Where stories live. Discover now