မှောင်လိုက်လင်းလိုက်နှင့်သီချင်းသံတွေဆူညံနေသည့် Red clubထဲတွင်သူဋ္ဌေးသားသူဋ္ဌေးသမီးနှင့် အရာရှိသားသမီးများသာနေရာယူထားလေသည်။Danc floorတွင်ကနေသူများ၊ barတွင်ထိုင်နေသူများ၊ VIP roomထဲတွင်ပျော်ပါးနေသူများနှင့် Clubကြီးသည်စည်ကားလို့နေလေ၏။
"Ximin hyungနဲ့Gayoungရောက်ပြီလား"
*အင်း...ငါတို့Dance floorမှာ*
"Kaiသေချာကြည့်ထားဦးနော် ငါစုံထောက်ဆိုတာသိလို့မဖြစ်တာသိတယ်မှတ်လား..."
*ဟုတ်...*
အားလုံးနေရာတကျဖြစ်သည်နှင့်ကားပါကင်မှChanyeol Clubထဲသို့ဝင်လာလေသည်။မှာထားသည့်အတိုင်းKaiမှာ ပထမထပ်ဝရံတာမျက်နှာစာဘက်တွင် အရက်ပုလင်းကိုဟန်ပြသောက်ကာပတ်ဝန်းကျင်ကိုအကဲခတ်နေလေ၏။စိတ်ချရပြီဆိုတော့မှ Chanyeol barတွင်ဝင်ထိုင်လိုက်ပြီးနောက်Clubကိုအကဲခတ်လို့နေသည်။
"၀ီစကီတစ်ခွက်လောက်..."
"ဟုတ်ကဲ့..."
Chanyeol Clubကိုအကဲခတ်နေတုန်း ဘေး၌လာထိုင်ကာအရက်လာမှာသူကိုကြည့်မိတော့ မျက်လုံးများအ၀ိုင်းသားနှင့်အံဩမိလေသည်။ဒီကောင်လေးဘာလို့ဒီရောက်နေလည်းChanyeolနားမလည်...သူChanyeolကိုမမှတ်မိနိုင်ဘူးဆိုတာChanyeolသိသော်လည်း ရင်ထဲ၌တစ်စုံတစ်ခုကိုစိုးရိမ်လို့နေမိသည်။
*hyungဂင်မင်ဆောင်းbarဘက်လျှောက်လာနေပြီ*
Chanyeolစိတ်ညစ်သွားမိသည်။သူ့ကိုဂင်မင်ဆောင်းတွေ့လို့ ဘာမှမဖြစ်ပင်မဲ့ဘေးနားလာထိုင်ကာနေသည့် ကောင်လေးအတွက်တော့အသက်အန္တရာယ်စိုးရိမ်ရလေသည်။စိတ်ထက်လက်ကပိုမြန်စွာ ထိုကောင်လေးလက်ကိုဆွဲကာ Clubအပြင်သို့ထွက်လာလိုက်မိ၏။ထိုကောင်လေးကတော့ အနောက်ကနေရက်ကန် ရက်ကန်နဲ့ ပါလာလေရဲ့...
"ခင်များဒါဘာလုပ်တာလဲလွှတ်!! "
ကားပါကင်ရောက်မှ စိတ်ချရပြီဆိုမှလွှတ်ပေးလိုက်လေသည်။ဒါပင်မယ့်စိုးရိမ်မှုကတော့လျော့မသွား...
YOU ARE READING
SPY Nextdoor (a.k.a) ချာတိတ်
Fanficချစ်ရတဲ့သူကိုမထိခိုက်စေချင်တာကိုယ့်ဆန္ဒပါချာတိတ်လေး... ... အတိတ်ဘဝကဘယ်လိုဘဲဖြစ်ခဲ့ဖြစ်ခဲ့ဒီတစ်ကြိမ်တော့ခင်များရဲ့လက်ကိုဆုတ်ကိုင်ထားခွင့်ပေးပါ... ...