ဒုတိယပိုင်း

445 38 0
                                    

ချာတိတ် ချာတိတ် မင်းနေနိုင်တာဘဲလား တကယ်ဘဲငါ့ကိုစိတ်မဝင်စားတာလားကွာ တကယ်လို့ငါ့ဘက်ကဖွင့်ပြောလာခဲ့ရင်မင်းငြင်းမှာလားချာတိတ်လေး...

''နွေးထွေးတဲ့နေရောင်ခြည်အောက်လမ်းလျှောက်နေရသလိုပါဘဲမင်းကငါ့အတွက်တော့စိတ်ထားကောင်းပြီးနွေးထွေးတဲ့သူတစ်ယောက် ဒါကြောင့်မင်းကိုစကားပြောချင်ပါတယ်..အခုငါပြောတာနားထောင်ပေးနိုင်မလားမင်းဆီမှာဝန်ခံချင်လို့ပါ မင်းနဲ့ပထမဆုံးတွေ့တုန်းက....''

''ဟေ့ယျောင်ဘာတွေနားထောင်နေတာလဲ''

''အော်သီချင်းတစ်ပုဒ်ပါအဟောင်းလေး''

''အော်ငါမင်းကိုပြောစရာရှိတယ်''

''ပြောလေ''

''ငါbaekhyunကိုဖွင့်ပြောတော့မယ်''

''ဘယ်လို''

''ဟုတ်တယ် ငါဖွင့်ပြောတော့မယ် ငါသူ့ကိုမင်းစပြီးမိတ်ဆက်ပေးခဲ့ကတည်းကကြိုက်နေတာဒါကြောင့်ငါဖွင့်ပြောတော့မယ် ငါအချိန်မဆွဲချင်တော့ဘူး''

''Tao...''

''wae???မင်းကဘာလဲသဘောမတူဘူးလား''

''မဟုတ်ဘူးအဲ့လိုမဟုတ်ဘူး မင်းဟာကသေချာလို့လားမင်းအပျော်သက်သက်ဆို ချာတိတ်ကိုမင်းအဲ့လိုမလုပ်သင့်ဘူးနော်''

''ဟာဟေ့ယျောင်ရူးနေလို့ငါကအပျော်ဖြစ်ရမှာလားကွာ ငါသူ့ကိုကျိတ်ကြိုက်နေတာဒါနဲ့ဆိုသုံးနှစ်ရှိနေပြီကွ''

ငါကြတော့ကောငါလဲချာတိတ်ကိုချစ်နေခဲ့တာကြာပြီလေTaoရယ်ဒါပင်မဲ့ငါမင်းလောက်သတ္တိတွေမရှိဘူးဖြစ်တယ်ငါဘယ်လိုလုပ်ရမလဲငါနောက်ကျသွားသလိုခံစားရတယ်ကွာ

''ဟေ့ယျောင် Chanyeol ငါပြောတာကြားလား ငါပြောတာကြားလားလို့''

''ဟင် အော် အင်းကြားပါတယ်ကွ''

''မင်းလန့်သွားတယ်မှတ်လား ငါသိပါတယ်ကွာမင်းကမိန်းမတွေဘဲစိတ်ဝင်စားတာယောကျာ်းလေးတစ်ယောက်ကိုဘယ်ချစ်ဖူးပါ့မလဲ ငါနားလည်ပါတယ်''

ဘာလို့မချစ်ရမှာလဲကွချာတိတ်ကိုငါ့အသက်လောက်ချစ်တာ မင်းနဲ့မမိတ်ဆက်ပေးခင်ကတည်းကကွ ငါမိန်းကလေးတွေနဲ့တွဲတာချာတိတ်စိတ်ချမ်းသာအောင်လို့ငါတွဲခဲ့တာ ငါချစ်တာချာတိတ်တစ်ယောက်ဘဲရှိတယ် မင်းဘာမှမသိပါဘူးTaoရာ

SPY Nextdoor (a.k.a) ချာတိတ်​Where stories live. Discover now