ep---8

134 12 0
                                    


ည၈နာရီ​လောက်​​နေ​တော့Chanyeolအလုပ်​မှအိမ်​သို့ပြန်​လာခဲ့သည်​။အိမ်​ထဲဝင်​လာတဲ့အထိဘာအသံမှမကြားရဘဲတိတ်​ဆိတ်​​နေတာမို့...​မြေ​အောက်​ခန်းထဲသို့သာတိုက်​ရိုက်​ဆင်းလာခဲ့လိုက်​သည်​။

"ဘာလို့အားလုံးကဒီ​ရောက်​​နေတာလဲ?ဘာလဲ..အိမ်​မှာတစ်​ခုခုဖြစ်​လို့လား"

"Chanyeolထိုင်​ဦး..သူတို့ကြည့်​ရတာ..မင်းကို​ပြောစရာရှိကြပုံဘဲ..."

လေး​လေးYixing၏အ​ပြော​ကြောင့်​ထိုင်​ခုံတစ်​ခုကိုဆွဲယူကာထိုင်​လိုက်​ရင်း...အခန်းထဲရှိလူများကို​ဝေ့ကြည့်​လိုက်​သည်​။မျက်​နှာမ​ကောင်းတဲ့​လေး​ယောက်​လုံးကိုကြည့်​ရတာတစ်​ခုခုကို​ပြောမထွက်​ကြပုံပင်​။Do​လေးနဲ့​လေး​လေးကလည်းသူတို့​လေး​ယောက်​လုံးဆီက အ​ဖြေကို​မျော်​လင့်​​နေကြသည့်​အ​နေအထားများနှင့်​...

"ငါတို့ဒီ​နေ့သိခဲ့ရတယ်​...အဖွဲ့မှူးChenကငါတို့နဲ့​ဂေဟာမှာအတူကြီးပြင်းခဲ့တဲ့သူဆိုတာ..."

Xiumin hyungရဲ့အ​ပြောကိုသိပ်​​တော့အလိုမကျလှ။သူ့ပုံစံကဆုံးဖြတ်​ရခက်​​နေတဲ့လူတစ်​​ယောက်​လိုဘဲ...

"အဲ့​တော့...hyungကဘာကိုဆိုလိုချင်​တာလဲ..."

"Jong Dae...မဟုတ်​ဘူး...Chenထိခိုက်​မဲ့အလုပ်​ဆိုရင်​ငါမလုပ်​ချင်​ဘူး"

"... ... "

"ငါဒီအစီစဉ်​က​နေ..."

"ဟက်​..."

Sehunရဲ့ခနဲ့သလိုရီသံ​ကြောင့်​အခန်းထဲရှိလူအားလုံးသူ့ကိုဝိုင်းကြည့်​ကြသည်​။သူက​တော့ဂရုမစိုက်​သည့်​နှယ်​ မျက်​​မှောင်​ကြုံ့ကာXiumin​ပြောမည့်​စကားကိုအလိုမကျသလို သူကဆက်​​ပြောသည်​။

"အဓိပ္ပါယ်​မရှိတာ​တွေသိပ်​​ပြော​နေတာဘဲXiumin hyung~~"

"ဟင်းးး..."

"အန်​ကယ်​ကကျွန်​​တော်​တို့​ကျေးဇူးရှင်​ဆိုတာ​မေ့​နေပြီလား...ဘယ်​လောက်​ဘဲLuhan hyungနဲ့Jong Dae hyungကိုသံ​ယောဇဉ်​ရှိရှိ..အခုချိန်​လုပ်​သင့်​တာအန်​ကယ်​ကိုကူညီ​ပေးဖို့ဘဲ​လေမဟုတ်​ဘူးလား..."

Sehunတစ်​​ယောက်​Xiuminကိုဖြစ်​သင့်​သည့်​လမ်းကိုသာ​ရွေးရန်​​ပြော​နေပင်​မဲ့ Xiuminက​တော့​ရွေးချယ်​ရခက်​​နေ​သေးပုံပင်​။သူတို့နှစ်​​ယောက်​ကိုအကဲခတ်​ကြည့်​​နေတဲ့Chanyeolက ​နောက်​ဆုံးသက်​ပြင်းရှည်​ကိုချလိုက်​ရင်း...ကြားမှသူကစကားကိုဆက်​လိုက်​​လေသည်​။

SPY Nextdoor (a.k.a) ချာတိတ်​Where stories live. Discover now