🌸🌸🌸

367 38 2
                                    

ယ​နေ့ရာသီဥတုကသာယာလှသည်​......

Sehun တို့ညီအကိုသုံး​ယောက်​ သစ္စာ​တော်​ခံတိုင်းပြည်​အသီးသီးအား ထီးနန်းပြည်​လည်​သိမ်းယူရာ၌ ကူညီပါဝင်​ကြရန်​ စာလွှာများ​ပေးပို့ပြီး ထိုတိုင်းပြည်​ငယ်​များမှလဲ ကူညီပါမည့်​အ​ကြောင်း ကတိပြုစာလွှာများပြန်​လည်​ရရှိပြီးဖြစ်​သည်​...

ကိစ္စအဝဝ၌ အဆင်​​ပြေပြီဖြစ်​၍ ယခု​ရောက်​ရှိ​နေ​သည့်​  ​ထူထပ်​လှ​သော​သစ်​​တောများ ပတ်​လည်​ဝိုင်း​နေတဲ့ မင်​တိုင်းပြည်​​လေးမှာ အမဲလိုက်​ထွက်​ရန်​ပြင်​ကြ​တော့သည်​.........

###########

Sehun တို့ညီအကိုသုံး​ယောက်​ ​နောက်​လိုက်​အနည်းငယ်​စီဖြင့်​ လူခွဲ၍ အမဲလိုက်​ကြသည်​.....

တစ်​​နေရာအ​ရောက်​ ဆတ်​ကြီးတစ်​​ကောင်​ကို​တွေ့​၍ အဖွဲ့သုံးဖွဲ့လုံးဝိုင်းဖမ်းကြ​သော်​လဲ အ​ရှောင်​ကျွမ်း​သောထိုဆတ်​ကြီးမှာ ဝိုင်း၍ပစ်​ခတ်​ကြ​သောမြှားများစွာအကြားမှ ကပ်​သီ​လေးလွတ်​​မြောက်​သွား​လေ၏.........

ကျန်​လူများမှာ စိတ်​တိုတိုနှင့်​ ထိုဆတ်​ကြီး​နောက်​သို့ ညာသံ​ပေးလျက်​​ လိုက်​ကြပြန်​သည်​.....

sehun လည်း လိုက်​ရန်​ဟန်​ပြင်​ပြီးမှ မျက်​ဝန်း​ထောင့်​မှ​မြင်​လိုက်​ရ​သောအရာတစ်​ခု​ကြောင့်​ တခြားသူ​တွေ​နောက်​မလိုက်​​​သေးဘဲ ထိုအရာအားလှည့်​ကြည့်​လိုက်​သည်​......

Sehun>>> oh!!!!! လှလိုက်​တဲ့သမင်​​လေး....

Sehun နှုတ်​မှ အံ့သြကြီးစွာဖြင့်​ရုတ်​တရက်​ထွက်​သွား​သောအသံတိုးတိုး​လေး...

တကယ်လဲ​အံ့သြ​လောက်​ပါ​ပေသည်​.....

အ​မွှေးနုနု​လေး​တွေက ​ခပ်​​ဖျော့​ဖျော့​နေ​ရောင်​​အောက်​မှာ ​ရွှေအို​ရောင်​​တောက်​ပလျက်​ရှိသည်​...

မျက်​လုံးများကလဲ အရည်​လဲ့ကာ​တောက်​ပ​နေသည်​......(Luhan လိုမျက်​လုံး​လေးမြင်​ကြည့်​ကြပေါ့)

ဦးချိုကလဲ လှပစွာဖြာ​နေ​သောအခက်​အလက်​များဖြင့်​ တကယ်​လှပလွန်းသည်​.......

ရာဇဝင်​ထဲက ပန်းတစ်​ပွင့်​Where stories live. Discover now