🌸🌸🌸

336 48 13
                                    

ဝိုးတဝါးလ​ရောင်​​အောက်​မှာ  မီးစာကုန်​​တော့မည့်​ ခပ်​မှိန်​မှိန်​​တောက်​ပ​နေ​သော ဆီမီးတိုင်​များနဲ့ ကင်း​လှည့်​​နေကြ​သော စစ်​သားတစ်​ချို့မှအပ နန်း​တော်​တစ်​ခုလုံးတွင်​ တိတ်​ဆိတ်​ငြိမ်​သက်​​နေသည်​....

အချိန်​အားဖြင့်​​တော့ သန်း​ခေါင်​ယံ​တောင်​​ကျော်​​ပြီမို့ အ​ဆောင်​အသီးသီးမှာ အိပ်​​မောကျ​နေသူများသာရှိလိမ့်​မည်​.......

သို့​သော်​ ​သေချာကြည့်​မည်​ဆိုလျှင်​​တော့ အနက်​​ရောင်​ဝတ်​စုံနဲ့လူတစ်​​ယောက်​ လျှင်​မြန်​ဖျတ်​လတ်​မှုနှင့်​အတူ ခိုး​ကြောင်​ခိုးဝှက်​သွားလာ​နေတာကို ​တွေ့နိုင်​ပါလိမ့်​မည်​.....

ထိုသူကိုကြည့်​ရတာက အတိုက်​အခိုက်​မှာ​အ​တော်​ထူးချွန်​မည့်​ပုံရသည်​......မည်​သည့်​အ​စောင့်​မှမသိ​စေဘဲ သူသွားလိုရာကို ​ရွေ့လျှားသွားလာ​နေသည်​မှာ
အရိပ်​တစ်​ခုလို လှစ်​ခနဲလှစ်​ခနဲ.....

ဟော အ​ဆောင်​တစ်​ခု​ရှေ့​ရောက်​​တော့ခဏရပ်​ကာ ပတ်​ဝန်းကျင်​ကို တစ်​ချက်​လှည့်​ပတ်​ကြည့်​ပြီး အ​ဆောင်​တွင်းသို့ဝင်​သွား​လေပြီ....

အ​ဆောင်​ထဲ​ရောက်​​တော့ သူဦးတည်​ရာက အိပ်​ခန်းရှိရာဆီ......အိပ်​ခန်းအတွင်း အနီရင့်​ရင့်​အိပ်​ယာ​ပေါ်မှာ​တော့ ​အဖြူ​ရောင်​ညအိပ်​ဝတ်​စုံ​လေးနဲ့မိန်းမပျိုတစ်​​ယောက်​ အိပ်​စက်​​နေသည်​....​ရွှေအို​ရောင်​ဆံနွယ်​တို့က ​ခေါင်းအုံး​ပေါ်မှာပြန့်​ကျဲလို့.....

အနက်​​ရောင်​ဝတ်​စုံနဲ့လူက ထိုမိန်းမပျိုအိပ်​စက်​​နေရာအိပ်​ယာ​ဘေးသို့​လျှောက်​သွားပြီး အိပ်​ယာ​ဘေးတွင်​ညင်​ညင်​သာသာထိုင်​လိုက်​ကာ မိန်းမပျို၏မျက်​နှာ​လေးကို ​ချစ်​​မြတ်​နိုးရိပ်​အပြည့်​ပါ​သောမျက်​ဝန်းအစုံဖြင့်​ ​ငေး​မောကြည့်​ရှု​နေသည်​........

သူ၏မျက်​နှာကို​တော့ ပဝါစအနက်​၏ကာကွယ်​ထားမှု​ကြောင့်​ မည်​သူမည်​ဝါကွဲကွဲပြားပြားမသိရ.....

ထိုသူက မိန်းမပျို​လေးမျက်​နှာကို​ကြည့်​​နေရင်း ပဝါစကိုဖြုတ်​လိုက်​​တော့ ပြုံးရိပ်​သန်း​နေ​သောမျက်​နှာခပ်​​ချော​ချောက​ပေါ်လာသည်​......

အ​တော်​ကြာ​အောင်​မိန်းမပျိုအားစိုက်​ကြည့်​​နေပြီးမှ သူမ၏ နှုတ်​ခမ်း​နုနုထက်​ အနမ်းဖွဖွ​ပေးကာ ပဝါစကိုပြန်​ဖုံးလျက်​ ထွက်​ခွာသွား​တော့သည်​.....

အိပ်​စက်​​နေ​သော မိန်းမပျိုမှာ​တော့ ဘာကိုမှသိလိုက်​ဟန်​မတူ......

***

ကိုယ့်​အခန်းကိုပြန်​​ရောက်​တာနဲ့ အနက်​​ရောင်​ဝတ်​စုံကို လဲလှယ်​လိုက်​ပြီး ​မိမိ​နောက်​နားတွင်​ရပ်​ကာ မိမိကို စိတ်​မရှည်​ဟန်​ဖြင့်​ကြည့်​​နေ​သောလူကိုကြည့်​လိုက်​ပြီး.....

> ကဲ.....ဘာ​တွေကို အလိုမကျဖြစ်​​နေပြန်​ပြီလဲ​ပြော...

> အရှင်​ အခုလို​တော့ အတင့်​မရဲသင့်​ဘူးလို့ ကျ​တော်​မျိုး ခဏခဏ​ပြောတယ်​....အရှင်​ တစ်​ခါမှနား​မ​ထောင်​ပါလား.....

> ကိုယ်​​တော်​မှ စိတ်​မထိန်းနိုင်​တာ.....သူ​လေးကို အချိန်​တိုင်း ​တွေ့​နေမြင်​​နေချင်​တာကို.....

> မနိုင်​​တော့ပါဘူး​နော်​......လက်​​မြှောက်​ပါတယ်​....ဒါနဲ့ မနက်​ဖြန်​ ညီလာခံမှာ သံတမန်​​တွေ့ဆုံပွဲရှိတယ်​​နော်​....အသင့်​ပြင်​ထားဦး....

> ​ကောင်းပါပြီဗျာ......

> အဲလိုဆိုလဲ ​အိပ်​ရာဝင်​ပါ​တော့လားအရှင်​....​တော်​​တော်​​နောက်​ကျ​နေပြီ...မနက်​ကျမှ ကျ​တော်​မျိုးလာပါ​တော့မယ်​....

> အင်း...​ကောင်းပြီ​လေ.....

ကိုယ်​ရံ​တော်​က ဦးညွှတ်​ကာထွက်​ခွာသွားတာနဲ့ ယ​နေ့ညအပါအဝင်​ သုံးညရှိပြီဖြစ်​​သော မိန်းမလှ​လေးဆီ တိတ်​တဆိတ်​သွား​ရောက်​ကာ သူမ မသိ​အောင်​ ခိုး၍စားသုံးခဲ့​သော နှုတ်​ခမ်းနုနု​လေးကို ပြန်​လည်​မြင်​​ယောင်​ရင်း အိပ်​မက်​ကမ္ဘာ​လေးဆီသို့.....

TBC###

အခုက ရူး​အောင်​ချစ်​ရသူ fic ​လေးကိုပဲ အာရုံရ​နေတာမို့ ဒီ fic က ပစ်​ထားသလိုဖြစ်​​နေတယ်​ ဒီfic ​လေးကို ​မျှော်​​နေသူများကို ​တောင်းပန်​ပါတယ်​​နော်​ ​နောက်​ကို မှန်​မှန်​အပ်​နိုင်​​အောင်​ကြိုးစားပါ့မယ်​လို့.....

ရာဇဝင်​ထဲက ပန်းတစ်​ပွင့်​Where stories live. Discover now