🌸🌸🌸

377 49 6
                                    

Kim nini တစ်​​ယောက်​ ​​ရေကန်​စပ်​နဲ့ခပ်​လှမ်းလှမ်းက ​ကျောက်​တုံး​တွေရှိရာ​ဘက်​မှာ လွတ်​လွတ်​လပ်​လပ်​​ရေချိုး​နေသည်.....

 ထို​ရေကန်​ထဲ၌ သာမန်​အချိန်​တို့တွင်​ ရွာကာလသားယောက်ျားပျိုတို့ကဆင်းချိုး​လေ့မရှိကြ မိန်းက​လေးတို့ကသာအများဆုံးချိုးကြသည်.........

ဒါ့အပြင်​ ကိုယ့်​ရွာသား​တွေဆိုတာကလဲ တစ်​ဦးနှင့်​တစ်​ဦး ​မောင်​နှမရင်းသဖွယ်​ ကူညီရိုင်းပင်းတတ်​ကြသည့်​ လူရိုး​တွေ​လေ.......

ထို့​ကြောင့်​လဲ kim nini တစ်​​ယောက်​ လွတ်​လွတ်​လပ်​လပ်​​ရေချိုး​နေရဲခြင်းဖြစ်​ပြီး ​ရေချိုးရင်းနှင့်​ပင်​ပါးစပ်​ကလည်း ပွစိပွစိနဲ့တစ်​စုံတစ်​ရာကို​​ရေရွတ်​လျက်​.......

nini>>> hont.... ဘိုးဘိုးက​လေ လူကိုခိုင်းပဲခိုင်းနိုင်​လွန်းတယ်​ ရွာကပ်​ပီးအိမ်​မှာ​နား​နေရတယ်​ကိုမရှိဘူး........​တစ်​ဦးတည်း​သော​မြေး​လေးကို အထီးနဲ့အမများမှား​နေသလားမသိ......ဆေးပင်​ရှာခိုင်းလိုက်​....ထင်းသယ်​ခိုင်းလိုက်​နဲ့.....​ ထင်း​တော့အ​ခွေမခိုင်းလို့ ​တော်​​သေးသည်​​ပြောရမလားပဲ....ဟူးးး

ပြောရင်းနဲ့ ဘယ်​​နေရာမှသုံးစားမ​ရ​သော အတူ​နေဝမ်းကွဲ​မောင်​​လေးအား ထင်း​ခွေရာမှာသုံးစားရသည်​ကိုပင်​ ​အ​တွေးထဲမှကျေးဇူးအထပ်​ထပ်​တင်​မိရသည်​......

မိဘ​တွေမရှိ​တော့တဲ့​နောက်​ပိုင်း မိမိအား​ကျွေး​မွေး​စောင့်​​ရှောက်​ခဲ့သည့်​ ​ကျေးဇူးရှင်​ဘိုးဘိုးအား အခုလို မ​နောကံနဲ့ပစ်​မှား​နေရခြင်းအ​ကြောင်းကား အနားမ​ပေးဘဲ အလုပ်​ပဲခိုင်း​နေခြင်း​ကြောင့်​.......

အိမ်​ကပ်​ရသည့်​ရက်​ဆိုရင်​လည်းဝမ်းသာမည်​မကြံနဲ့ ​ ​ဆေး​ဖော်​ရာမှာဝိုင်းဝန်းကူညီခိုင်း​တဲ့ဘိုးဘိုးရယ်​ပါ.....​အလုပ်​ကူစရာမရှိလျှင်လည်း မ​ပျော်​ရ စာကိုသာ​လေ့လာ​နေရတဲ့ဘဝ.......

ပြောမယ့်​သာ​ပြောရသည်​ ဘိုးဘိုး​ကြောင့်​သာ ခုလို ​ဆေးပညာမှာကျွမ်းကျင်​ရုံပြီး  ဗဟုသုတနဲ့ပြည့်​စုံကာ  ​တချို့အလုပ်​ကြမ်း​သာမက အချက်
အပြုတ်​ကိုပါ ​ပိုင်​ပိုင်​နိုင်​နိုင်​လုပ်​နိုင်​ခဲ့သည်​ပဲ.......

ရာဇဝင်​ထဲက ပန်းတစ်​ပွင့်​Where stories live. Discover now