" ကျွန်တော်နဲနဲနောက်ကျသွားတဲ့အတွက် Sorry ပါ"
စာသောက်ဆိုင်တစ်ဆိုင်အတွင်း ချောင်သိပ်မကျသောနေရာတစ်ခုမှထွက်လာသောအသံ ..။ ဆိုင်အပြင်ဘက်မှခပ်သွက်သွက်လျှောက်လှမ်းလာသော အမျိုးသားတစ်ဦးက ထိုစားပွဲသို့ ဝင်ထိုင်၍စကားဆိုလိုက်ခြင်း ။ထိုစားပွဲတွင်တော့ အသက်၁၈နှစ်အရွယ်မိန်းမပျိုတစ်ဦးနှင့် အသက်၅၀အရွယ် မိန်းမကြီးတစ်ဦးရှိနေသည်ပဲ။
"နောက်မကျပါဘူးကွယ် ... အန်တီတို့လဲရောက်တာမကြာသေးပါဘူး "
အမျိုးသမီးကြီးမှပြုံးရွှင်စွာစကားဆိုလာသော်လည်း မိန်းမပျိုမှာ မည့်သည့်အသံမျှမထွက်ပဲ ခေါင်းကိုပင်ငုံ့ချထားသည်။
မိန်းမပျိုမှာ ကုတ်ပေါ်ဝဲနေသော ဆံပင်လေးများကတော့ အညိုရောင်ဘက်သန်းနေသည်။ ထိုအမျိုးသားသည် မိန်းမပျိုကိုသာ အကဲခတ်ကြည့်နေသော်လည်း
မိန်းမပျိုမှာ ယောင်လို့ပင်မော့မကြည့်။ တော်တော်လှလွန်းသည်ဟုမှတ်ချက်ချမိသည်။ တစ်စုံတစ်ဦးနှင့်တူသည်လည်းထင်မိ၏။"ကိုယ့်နာမည် တိမ်လွှာမှူး... မင်းက ကိုယ့်သတို့သမီးလောင်းလား"
မိန်းကလေး၏မျက်နှာကိုကြည့်၍မိတ်ဆက်လိုက်သောအခါ ..... မော့လာသော မျက်နှာလေး၏ ဘယ်ဘက်ပါးတွင် မထင်ရှားသော စပါးတင်မှဲ့လေးတစ်လုံးကို မြင်ဖြစ်အောင်မြင်လိုက်မိပါသည်။
"ဟုတ် .. ဟုတ်ကဲ့ ... ရွှေအဆင်းပါ"
အိုးးး သူမ ရဲ့အသံက အနည်းငယ်ရှတတနိုင်လွန်းသည်။
မျက်နှာမမြင်ပဲအသံသာကြားလျှင်ယောကျာ်းလေးတစ်ယောက်လို့ ထင်ကောင်းထင်နိုင်တဲ့အသံမျိုး။ သို့ပေမယ့် ဒီလိုလှပတဲ့မျက်နှာလေးနဲ့ တွဲမြင်လျှင်တော့ အသံကို လျစ်လျူရှု မိကြမှာအမှန်ပင် ။
တစ်ဆိတ် .... သူမ အသံက တုန်ယင်နေတာလား ....
လက်ထပ်မည့်သတို့သားကိုတွေ့ရတော့ အနည်းငယ် စိုးရွံ့ သည်ထင်သည်။
YOU ARE READING
My Sunshine (Completed)
Romanceလောကကြီးကမတရားဘူးနော် .... ဒီလိုပြောတော့ အစစအရာရာ အဆင်ပြေနေတဲ့သူတွေကတော့ တရားပါတယ်ပြောကောင်းပြောမှာပါ ......ဒါပေမယ့် ယောကျာ်းစင်စစ်ကနေ မိန်းကလေးတစ်ယောက်အဖြစ်သူစိမ်းတွေကြားဟန်ဆောင်ဖုံးဖိပြီးနေရတဲ့ လူတစ်ယောက်အတွက်...