Chapter 1

2.8K 102 8
                                    

" ​ကျွန်​​တော်​နဲနဲ​နောက်​ကျသွားတဲ့အတွက်​ Sorry ပါ"

စာ​သောက်​ဆိုင်​တစ်​ဆိုင်​အတွင်း ​ချောင်​သိပ်​မကျ​သော​နေရာတစ်​ခုမှထွက်​လာ​သောအသံ ..။ ဆိုင်​အပြင်​ဘက်​မှခပ်​သွက်​သွက်​​လျှောက်​လှမ်းလာ​သော အမျိုးသားတစ်​ဦးက ထိုစားပွဲသို့ ဝင်​ထိုင်​၍စကားဆိုလိုက်​ခြင်း ။ထိုစားပွဲတွင်​​တော့ အသက်​၁၈နှစ်​အရွယ်​မိန်းမပျိုတစ်​ဦးနှင့်​ အသက်​၅၀အရွယ်​ မိန်းမကြီးတစ်​ဦးရှိ​နေသည်​ပဲ။

"​နောက်​မကျပါဘူးကွယ်​ ... အန်​တီတို့လဲ​ရောက်​တာမကြာ​သေးပါဘူး "

အမျိုးသမီးကြီးမှပြုံးရွှင်​စွာစကားဆိုလာ​သော်​လည်း မိန်းမပျိုမှာ မည့်​သည့်​အသံမျှမထွက်​ပဲ ​ခေါင်းကိုပင်​ငုံ့ချထားသည်​။
မိန်းမပျိုမှာ ကုတ်​​ပေါ်ဝဲ​နေ​သော ဆံပင်​​လေးများက​တော့ အညို​ရောင်​ဘက်​သန်း​နေသည်​။ ထိုအမျိုးသားသည်​ မိန်းမပျိုကိုသာ အကဲခတ်​ကြည့်​​နေ​သော်​လည်း
မိန်းမပျိုမှာ ​ယောင်​လို့ပင်​​မော့မကြည့်​။ ​တော်​​တော်​လှလွန်းသည်​ဟုမှတ်​ချက်​ချမိသည်​။ တစ်​စုံတစ်​ဦးနှင့်​တူသည်​လည်းထင်​မိ၏။

"ကိုယ့်​နာမည်​ တိမ်​လွှာမှူး... မင်းက ကိုယ့်​သတို့သမီး​လောင်းလား"

မိန်းက​လေး၏မျက်​နှာကိုကြည့်​၍​မိတ်​ဆက်​လိုက်​​သောအခါ ..... ​မော့လာ​သော မျက်​နှာ​လေး၏ ဘယ်​ဘက်​ပါး​တွင်​ မထင်​ရှား​သော စပါးတင်​မှဲ့​လေးတစ်​လုံးကို မြင်​ဖြစ်​​အောင်​မြင်​လိုက်​မိပါသည်​။

"ဟုတ်​ .. ဟုတ်​ကဲ့ ... ​ရွှေအဆင်းပါ"

အိုးးး သူမ ရဲ့အသံက အနည်း​ငယ်​ရှတတနိုင်​လွန်းသည်​။
မျက်​နှာမမြင်​ပဲအသံသာကြားလျှင်​​ယောကျာ်း​လေးတစ်​​ယောက်​လို့ ထင်​​ကောင်းထင်​နိုင်​တဲ့အသံမျိုး။ သို့​ပေမယ့်​ ဒီလိုလှပတဲ့မျက်​နှာ​လေးနဲ့ တွဲမြင်​လျှင်​​တော့ အသံကို လျစ်​လျူရှု မိကြမှာအမှန်ပင် ။
တစ်​ဆိတ်​ .... သူမ အသံက တုန်​ယင်​​နေတာလား ....
လက်​ထပ်​မည့်​သတို့သားကို​တွေ့ရ​တော့ အနည်းငယ်​ စိုးရွံ့ သည်​ထင်​သည်​။

My Sunshine (Completed)Where stories live. Discover now