Chaptet 11

836 54 4
                                    

"သူနဲ့ ဘယ်​တုန်းကရင်းနှီးသွားတာလဲ"

"ဟင်​"

"ကိုသက်​နဲ့​လေ"

"မရင်းနှီးပါဘူး"

"မရင်းနှီးဘူးသာ​ပြောတာ"

"ဘာလို့"

"လွန်​ခဲ့တဲ့နှစ်​​ပေါင်းရာ​ကျော်​က ချစ်​သူ​တွေလိုပဲ"

"ဟာ အစ်​ကိုကလည်း"

"မဟုတ်​လို့လား"

"ဟင့်​အင်း​လေ"

"သွား သွား အခန်းထဲလုပ်​စရာရှိတာသွားလုပ်​"

"အခန်းထဲမှာဘာမှလုပ်​စရာရှိဘူး​လေ .. ဒီမှာလည်းပန်းကန်​​တွေ​ဆေးရဦးမယ်​"

"ဒီကပန်းကန်​​တွေငါ​ဆေးလိုက်​မယ်​ .. အခန်းထဲက အဝတ်​​တွေသွား​ခေါက်​"

"ဘာမှ​ခေါက်​စရာမရှိပါဘူး"

"ရှိတယ်​ဆိုကွာ .. သွား သွား"

"အစ်​ကို ​ခေါင်းကိုက်​​နေတယ်​ဆို"

"မင်းအလုပ်​မဟုတ်​ဘူး .. သွားဆိုသွားကွာ"

အတင်းတွန်းထုတ်​​နေ​သော အစ်​ကို့ကိုနားမလည်​သလိုကြည့်​ပြီး အ​ပေါ်ထပ်​တက်​ခဲ့ရသည်​။
ဘာ​တွေဖွထားလို့ အဲ့​လောက်​​တောင်​ နှင်​လွှတ်​​နေရတာလည်း ။
အခန်းထဲ​ရောက်​​တော့လည်း ပစ္စည်းအားလုံးကသူ့​နေရာနှင့်​သူ။
... အင်း .. ဘုရား​ညောင်​​ရေအိုးလဲဦးမှပါ။
လုပ်​စရာမရှိတဲ့အဆုံး ဘုရားခန်းထဲ ဝင်​လာလိုက်​သည်​။

ညောင်​​ရေအိုးသုံးအိုးကို ဝရန်​တာ​ပေါ်တင်​ပြီး ​ရေလဲလိုက်​သည်​။
အလာတုန်းက ​ညောင်​​ရေအိုး​တွေက ​ရေ​လျော့​နေ​တော့ သုံးအိုးပူးပြီး ယူလာရတာအဆင်​​ပြေ​ပေမယ့်​ ... အပြန်​​တော့ အဆင်​မ​ပြေ​တော့။
နောက်​မှတစ်​​ခေါက်​လာသယ်​လိုက်​မယ်​​လေ။
ညောင်​​ရေအိုးနှစ်​အိုးကိုင်​ပြီးအလှည့်​ ....

"အ​မေ့.. ကို . ကိုသက်​"

"ဟားဟား ... လန့်​သွားတာလား"

"အင်း အ​နောက်​မှာဘာလုပ်​​နေတာလည်း"

"ဘာဝိုင်းကူရမလည်းလို့ ကြည့်​​နေတာ"

My Sunshine (Completed)Where stories live. Discover now