Chapter 6

952 54 0
                                    

ကျွန်​​တော့်​လက်​ကိုဆွဲကာ အိမ်​အ​ပေါ်ထပ်​သို့တက်​သွား​သောသူမသည်​ ဝရံတာဘက်​ရှိအစွန်​ဆုံးခန်း၊ ဘုရားခန်းနှင့်​မျက်​နှာချင်းဆိုင်​တွင်​ ရှိ​သောအခန်းနားသို့ကပ်​သွားကာ တံခါးကိုအသာဟလိုက်​သည်​။
အခန်းထဲတွင်​ ကိုတိမ်​လွှာမှူး၏ ဖခင်​သည်​ ဝှီးချဲလ်​ ကိုလှိမ့်​ကာ ပြတင်းနားသို့သွား​နေ​လေသည်​။
သူမက ကျွန်​​တော့်​ဘက်​သို့လှည့်​ကာ .....

"​တွေ့တယ်​​နော်​ နင့်​​ယောက္ခထီး"

တွေ့တယ်​​လေ သူပဲပြပြီး​တော့ ....

"နင်​ငါ့စကားနားမ​ထောင်​ရင်​ သူ့ကို ငါသတ်​ပစ်​မှာ​နော်​"

သတ်​​ပေါ့ .. ပြီး​တော့​ထောင်​ထဲဝင်​​ပေါ့ .. ကျွန်​​တော်​နဲ့အလွတ်​ကြီးကို ..

"နင့်​ကိုကြည့်​ရတာ သ​ဘောမ​ပေါက်​​သေးပုံပဲ"

သူမက မဲ့ပြုံးကိုလှလှပပ ပြုံးသည်​။
ဘာကိုသ​ဘော​ပေါက်​ရမှာလဲ .......

"အကို့ကိုကျွန်​မ​ပြော​နေတယ်​​လေ ဒီ​ဆေး​တွေ​သောက်​လို့"

အခန်းထဲက ခပ်​ကျယ်​ကျယ်​အသံ​ကြောင့်​ အခန်းထဲကိုလှမ်းကြည့်​မိသည်​။
ဝှီးချဲလ်​ နဲ့ထိုင်ေ​န​သော ဒယ်​ဒီ့​ဘေးတွင်​ ​ဒေါ်မ​ဟေသီ ရပ်​​နေသည်​။

"မ​သောက်​ဘူး ... အဲ့​ဆေး​တွေ​သောက်​ပြီး ငါ အမြဲအိပ်​နေရတယ်​"

"ဟုတ်​တယ်​​လေ အိပ်​​ဆေး​တွေပဲ .. နား​အေး​အောင်​လို့တိုက်​ထားတာ အိပ်​​နေပြီး​ရော ဟိုဟာယူ​ပေးပါဒါယူ​ပေးပါ မရှိ​တော့ဘူး"

"နင်​ ယုတ်​မာလှချည်​လား ... နင်​မလုပ်​​ပေးချင်​​နေ ငါ့​ချွေးမကိုလွှတ်​​ပေး"

"ဟားး ​ချွေးမ .. အခုမှ​ရောက်​လာတဲ့ဟာမကိုတမ်းတ​နေ​တာလား"

"နင်​ နင်​ ထွက်​သွား"

"သွားမှာပါ သွားမှာ!"

ဒေါ်မ​ဟေသီက ​အော်​ဟစ်​ပြီး ဝှီးချဲလ်​ကို​ဆောင့်​တွန်းပစ်​သည်​။
ဝှီးချဲလ်​မှာထိုင်​​နေ​သော ဒယ်​ဒီ​ရောဝှီးချဲလ်​​ရော နံရံ​ဘေးတွင်​ပုံလျက်​သား ....
ကျွန်​​တော်​အခန်းဝင်​မည်​အပြု လရိပ်​နွယ်​ က လက်​​မောင်းကိုဆွဲထားသည်​။

My Sunshine (Completed)Where stories live. Discover now