"အစ်ကို"
အတန်ကြာငြိမ်နေရာမှ အသံထွက်လာသောကြောင့် ခပ်သာသာလေးထူးမိသည်။
"ဟင်..."
"ကျွန်တော်က လူမှန်းသိတတ်ကထဲက ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင်မလုပ်ခဲ့ဖူးဘူးလေ .... ဒါပေမယ့် ကျွန်တော့်ကျ ဘာလို့ အမြဲ စိတ်ဆင်းရဲနေရတာလဲ''
"ဒါက ရှေးဘဝရဲ့ ကံတွေပဲပေါ့ ကလေးရဲ့ ..... ကိုယ် ပုံပြင်တစ်ပုဒ်ပြောပြမယ် ... ဟိုရှေးရှေးတုန်းက အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးတစ်ပင်ရှိတယ်တဲ့ .... ခရီးသွားတွေအကုန်လုံး အဲ့ဒီနားရောက်ရင် အဲ့ဒီ့သစ်ပင်ရိပ်မှာခိုနားကြတာပေါ့ .....
တစ်နေ့က အဲ့ဒီသစ်ပင်ရိပ်မှာ လာနားခိုတဲ့သူက လူဆိုးတစ်ယောက်တဲ့ ... သူက မကောင်းတာ မှန်သမျှအကုန်လုပ်တယ် ... အဲ့ဒီ့သစ်ပင်အောက်ကနေ အဲ့ဒီ့လူက ရွှေဒင်္ဂါးပြားနဲနဲကိုကောက်ရသွားတယ်တဲ့ .... နောက်တစ်ခါ အဲ့ဒီသစ်ပင်အောက်လာနားခိုတဲ့သူက လူကောင်းတစ်ယောက်တဲ့ သူက စိတ်ရင်းလည်းကောင်းပြီး လုတွေကိုလည်းအမြဲကူညီတတ်တဲ့သူတစ်ယောက်ပဲ .... ဒါပေမယ့် သူနားနေတဲ့အချိန်မှာ သစ်ကိုင်းက ကျိုးကျပြီး ခြေထောက်ကျိုးသွားခဲ့ရတယ်တဲ့''"ဟင် ... ကောင်းတဲ့သူကကျတော့ ဘာလို့ အဆိုးကိုခံစားရတာလဲ''
ခေါင်းလေးမော့ကာ မေးလာသော ကောင်ငယ်လေးကို အသည်းယားလွန်းတာကြောင့် ပါးပြင်နုနုထက် နှာခေါင်းနစ်ဝင်သည်ထိ နမ်းရှိုက်မိသည်။
"ဘာမှလည်းမဆိုင်ဘူး ..... ''
ခေါင်းကလေးက ရင်ဘတ်နား ပြန်ကပ်သွားကာ ခပ်တိုးတိုးဆိုပြန်သည်။
"အသည်းယားလို့လေ .... အဲ့ဒါနဲ့ ဆက်ပြောပြမယ်နော် .... အဲ့ဒီဖြစ်ရပ်ကို အစအဆုံးတွေ့တဲ့ အဲ့ဒီ့သစ်ပင်ပေါ်က မျောက်က အဲ့ဒီအပင်ရဲ့ ရုက္ခစိုးနတ်ကိုမေးတယ် .... အခု ကလေးမေးသလိုပေါ့ ''
"အဲ့ဒါဆို ကျွန်တော်က မျောက်ပေါ့ -_-"
"ဟားဟားး မေးခွန်းတူတာပါကွာ .... ''
"အဲ့ဒီတော့ အဲ့နတ်က ဘာပြန်ဖြေလဲ"
"အင်း သူကရှင်းပြတာပေါ့ အဲ့လူနှစ်ယောက်ရဲ့ အတိတ်ကုသိုလ်ကံကြောင့်ပါတဲ့ .... ဆိုးသွမ်းတဲ့လူက အရင်ဘဝကကုသိုလ်ကံကြောင့် ရွှေအိုးကိုရမှာဖြစ်ပေမယ့် ဒီဘဝမှာ မကောင်းမှုတွေလုပ်တာများလို့ ရွှေစနဲနဲ နဲ့ပဲ ကျေနပ်လိုက်ရတာတဲ့ .... စိတ်ကောင်းတဲ့လူကကျတော့ သစ်ကိုင်းပိပြီး သေမယ့်ကံနဲ့လာတာ ... ဒါပေမယ့် စိတ်ရင်းကောင်းပြီး လူတွေကို ကူညီတယ် အများအကျိုးဆောင်တဲ့အတွက် အသက်ဘေးကလွတ်ပြီး ခြေထောက်ကျိုးရုံပဲ ဖြစ်သွားတာတဲ့"
YOU ARE READING
My Sunshine (Completed)
Romanceလောကကြီးကမတရားဘူးနော် .... ဒီလိုပြောတော့ အစစအရာရာ အဆင်ပြေနေတဲ့သူတွေကတော့ တရားပါတယ်ပြောကောင်းပြောမှာပါ ......ဒါပေမယ့် ယောကျာ်းစင်စစ်ကနေ မိန်းကလေးတစ်ယောက်အဖြစ်သူစိမ်းတွေကြားဟန်ဆောင်ဖုံးဖိပြီးနေရတဲ့ လူတစ်ယောက်အတွက်...