ကားကိုသတ်မှတ်ထားတဲ့နေရာထားပြီး ကားပေါ်ကဆင်းတော့ လူတစ်ချို့ အဝတ်ထုပ်တွေလာသယ်ပေးကြသည်။
"ရတယ် .. ကိုယ့်ဘာသာပဲသယ်လိုက်ပါ့မယ်"
"ပေးလိုက်ပါ .. ကိုယ့်ရုံးကဝန်ထမ်းတွေပဲ"
အစ်ကိုကဝင်ပြောတာကြောင့် အားနာစွာနဲ့ပဲပေးလိုက်ရသည်။
ထိုအချိန်ပဲ ကိုသစ်လွင် အနားကိုရောက်လာသည်။"မရောက်တာကြာပြီဆိုတော့ အရင်ပတ်ကြည့်ကြမလား တိမ်လွှာ "
"အင်း ကောင်းသားပဲ"
"ရွှေအဆင်းကော လိုက်ခဲ့လေ "
ကျွန်တော်ဘက်ကိုလှည့်ကာပြော ကိုသစ်လွင်ကပြောသည်။
ဟင့်အင်းနော် .. မလိုက်ချင်ဘူး။
ဒီအချိန် ကျွန်တော်ကိုသိတဲ့ တစ်ယောက်ယောက်နဲ့တွေရင် ဘယ်လိုလုပ်ရမလဲ။"ရတယ် မလိုက်တော့ဘူး"
"လိုက်ခဲ့ပါ "
အစ်ကိုကပါခေါ်နေတော့ ငြင်းဖို့ကလည်း မရဲတော့။
မအီမသာနဲ့ပဲ ခေါင်းငြိမ့်လိုက်ရသည်။ဒီရိပ်သာနယ်မြေက တော်တော်ပင်ကျယ်သည်။
ဘိုးဘွားရိပ်သာ အဆောက်အဦးများ၏အနောက်ဘက်တွင် သီးပင်စားပင်များရှိသောတောကြီးရှိသည်။
ထိုတော၏အတွင်း လမ်းငယ်လေး တစ်ခုအတိုင်းသွားလျှင်မူ "မေတ္တာနယ်မြေ" မိဘမဲ့ကလေးကျောင်းရှိသည်။လူ့လောကကို ရောက်လာခါစနှင့် ရောက်နှင့်နေပြီးသော ကလေးများ၊ မေတ္တာငတ်နေသော ကလေးများအတွက်ထိုကျောင်းသည် မိဘရင်ခွင်တစ်ခုကဲ့သို့နွေးထွေးလွန်းလှသည်။
ယခင်ကအလှူရှင်လာလျှင်မူ ကျွန်တော် ဝိုင်းလုပ်နေကျပင်။
ထိုကျောင်းက ကလေးအတော်များများနှင့်လည်းရင်းနှီးသည်။
အထူးသဖြင့် စစ်သက်အောင် ဆိုသောကလေးနှင့်အတော်ပင်ရင်းနှီးပါသည်။
YOU ARE READING
My Sunshine (Completed)
Romanceလောကကြီးကမတရားဘူးနော် .... ဒီလိုပြောတော့ အစစအရာရာ အဆင်ပြေနေတဲ့သူတွေကတော့ တရားပါတယ်ပြောကောင်းပြောမှာပါ ......ဒါပေမယ့် ယောကျာ်းစင်စစ်ကနေ မိန်းကလေးတစ်ယောက်အဖြစ်သူစိမ်းတွေကြားဟန်ဆောင်ဖုံးဖိပြီးနေရတဲ့ လူတစ်ယောက်အတွက်...