11:11 (p-19)
Kong POV: ( အထီးကျန်ခြင်းဆိုတာ နာရေးကြော်ငြာမှာ မပါတဲ့သေဆုံးခြင်း)
ရပ်တန့်နေ့တဲ့ ကျနော့်နှလုံးသားက လွဲရင်
ရာသီစက်ဝန်းက ပုံမှန်လည်ပတ်နေပါတယ်။
ထိုင်းနိုင်ငံ ရဲ့ ဆောင်းတွင်းက ထင်ထားတာထက်
ပိုအေးနေတော့ အချမ်းကြောက်တတ်တဲ့သူ့အ
တွက် စိတ်ပူမိပြန်ရော~ မင်း ဘယ်တွေများ
ရောက်နေမလဲ !
တချပ်ချပ်နဲ့ မြည်နေတဲ့ နာရီလက်တံလေးတွေ
အသံက ညရဲ့တိတ်ဆိတ်မှုကြားမှာ အတိုင်းသား
ပါပဲ ~ 11:11 ကျနော်ခုထိ အိပ်မပျော်နိုင်သေးပေ
ကျနော့် ပါးပြင်ပေါ်မှာ လွန်ခဲ့တဲ့လတွေကလို
မျက်ရည်တွေနဲ့စိုစွတ်မနေတော့သလိုပဲ
နှလုံးသားဟာလဲ ကြောက်စရာကောင်းတဲ့
အထီးကျန်ခြင်းတွေနဲ့ ခြောက်ကပ်နေပါတယ်။
ကျနော့်ရဲ့ တစ်ဖက်သက်အမြင်တွေကြောင့်
တစ်ဖက်ကိုသတ်ပြီး ကိုယ်တိုင်ပါသေဆုံးခဲ့ရတယ်
ငါနားလည်ခဲ့ပြီ arthit~အထီးကျန်ခြင်းဆိုတာ"ငါ့ရဲ့ မနက်နိုးထချိန်မှာလဲ မင်းမရှိဖူး
ငါ့ရဲ့ အိပ်ယာဝင်ချိန်မှာလဲ မင်းမရှိဖူး
ငါ့ရဲ့ ဝမ်းနည်းမှုနဲ့ပူဆွေးသောကတွေကိုလဲ
မင်းမမြင်နိုင်ဖူး
ဘဝရဲ့အရေးအကြီးဆုံး စာရွက်ပေါ်မှာလဲ
မင်းရဲ့အမှတ်အသား မပါနိုင်တော့ဖူး"တကယ်တော့ မင်းမရှိတော့တဲ့ငါ့ဘဝ
က အထီးကျန်ခြင်းဆိုတာထက် ပျော်စရာတွေ
နိဂုန်း ချုပ်သွားတာပါ kit~~ အဲ့တာ နာရေး
ကြော်ငြာ မှာမပါတဲ့ ငါ့ရဲ့သေဆုံးခြင်းပဲ!!Arthit POV: (အလွမ်းဆိုတာအချိန်က တောင် လက်မြှောက်အရှုံးပေးရတဲ့ခေါင်းမာခြင်း
မျိုး)သက်သေချင်လောက်တဲ့အလွမ်းရဲ့ ဒဏ်တွေက
အချိန်ကို တိုက်စားပြစ်နေသလား ~ အချိန်
တွေဘယ်လောက်ပဲ ကြာကြာ ကျနော်သူ့ကို
လွမ်းဆဲပဲ သတိရဆဲပဲ အရင်လို ချစ်နေဆဲပဲ!!
ညနက်သန်းခေါင်ထိ အိပ်မပျော်နိုင်တဲ့ ကျနော့်
ရဲ့မျက်လုံးတွေကို ကြိတ်မှိတ်ပြစ်လိုက်တော့
အာရုံမှာလာငြိတဲ့အတွေးလေးက~~"P ဘယ်လိုဖစ်နေတာလဲ ကျနော်အသက်ရူ
ကြပ်နေပြီ နဲနဲလွှတ်ဦး ""ချမ်းမှာစိုးလို့လဲ ဖက်ထားရသေးတယ်
ငြိမ်ငြိမ်နေ လေကွာ kit ကလဲ ""Pနော် ~လက်က ဘယ်ကိုရောက်လာတာလဲ"
"ဘယ်ရောက်လို့လဲ - -"
Bell~~~ နားထဲကို ဝင်လာတဲ့ စူးစူးဝါးဝါး
အသံကြောင့် မျက်လုံးကိုအားယူဖွင့်ရင်း အိပ်ယာဘေးက မြည်နေတဲ့ alarm ကိုပိတ်
လိုက်တယ်။
"6:00"
မထချင်ပေမယ့်လဲ အလုပ်သွားဖို့ပြင်ဆင်ရဦးမှာ
မို့ လူးလဲထလိုက်တယ် ~ အဲ့တာ သူမရှိတဲ့
ဲ့နောက် ကျနော့်ရဲ့ဘဝ ပါပဲ!"သူမရှိတဲ့ အိပ်စက်ခြင်းတွေနဲ့အတူ သူမရှိတဲ့နိုးထခြင်းတွေနဲ့ ဘဝကို စတယ်!
သူမသိတဲ့ ဝမ်းနည်းခြင်းတွေနဲ့အတူ သူမမြင်
နိုင်တဲ့ အလွမ်းတွေနဲ့ ဘဝကိုဖြတ်သန်းတယ်!
သူမပါတဲ့ အနာဂါတ်အတွက် မျက်ရည်တွေနဲ့
ဘဝကို အဆုံးသတ်တယ်! "~~~Time skip
မနက်စာစားတဲ့လူက စား မှာတဲ့လူကမှာနဲ့
ဆိုင်ထဲမှာ လူအပြည့်ပါပဲ။ အေးဆေးတဲ့ရာသီဥတု
ပေမယ့် ကျနော့်မှာတော့ ချွေးပြိုင်းပြိုင်းနဲ့ မအေးနိုင်ပါ။ ဘုရားပေးတဲ့တစ်ခုတည်းသော
ဆုကြောင့် customer တွေသဘောကျတဲ့
အပြုံးချိုချိုလေး ပိုင်ဆိုင်ပေမယ့် ကျနော့်ရဲ့အပြုံး
တွေကို p' အတွက်ပဲဖစ်စေချင်တယ်~အရင်က
တိုင် အခုထိပါပဲ။ ဆိုင်ရှေ့မှာလူရှင်းသွားတော့
နောက်ဘက်က လုပ်စရာရှိတာတွေ ကူပြီးဝင်လုပ်
ရင်း~"No 13 (coffee black moka+)"
မှာထားတဲ့ စာရွက်လေးကို တွေ့တော့ အသံထွက်ပြီး ရေရွတ်မိတယ်!
"Black moka " သူသိပ်ကြိုက်တဲ့ မနက်စာ!"Arthit မင်းလက်ထဲက စာရွက်လေးနဲ့
ဒါတွေကို ဝိုင်းno 13 ကိုပို့ပေးပါဦးကွာ ""Khup p"
မဆီမဆိုင် အတွေးတွေကိုရပ်တန့်လိုက်ပြီး
ကော်ဖီဗန်းကို ယူလိုက်ကာ ဝိုင်းno 13 ဆီသို့
ခြေလှမ်းတွေကို ဦးတည်လိုက်တယ်~~~~~~~~~~~~~~~~~~~~~~~
YOU ARE READING
11:11 (Completed)
Romance11:11 ~~~~~ မိဘမဲ့ဂေဟာကနေ ကြီးပြင်းလာတဲ့ Arthit ဆိုတဲ့ကောင်လေး ပြည့်တန်ဆာ မိန်းမကြီးတျောက်ရဲ့ မွေးစားခြင်းကိုခံရပြီးနော် သူ့ဘဝ ~~~~ အချစ်နဲ့ဘဝကိုအလဲထပ်လုပ် ပြီး ရွေးချယ်ခဲ့သော်လဲ ချစ်သူရဲ့စွန့်ပြစ်ခြင်း ကိုခံလိုက်ရဲ့ကောင်လေး kongpop Playboy ကောင်...