11:11 (p-20)
Kong POV:
"Black moka ရပါပြီခဗျာ "
Waiter ကောင်လေးရဲ့အသံကြောင့်
ဖတ်လက်စ သတင်းစာကိုခေါက်လိုက်ပြီး စားပွဲ
ပေါ်တင်လိုက်ချိန် မျက်စိရှေ့က လက်ဖြူဖြူ
လေးနဲ့ Dreamcatcher နာရီလေး ဟာ
ကျနော့်ရဲ့ အဓိပ္ပါယ်မရှိတဲ့ ရက်စွဲတွေကို ရပ်တန့်
ပစ်လိုက်သလိုပါပဲ။ စက္ကန့်မခြားပဲ မော့ကြည့်လိုက်
တော့ ကျနော်စွဲမက်ရတဲ့ အပြုံးလေးခွဲတွဲလျက် ~
လပေါင်းများစွာ ဝေးကွာနေတဲ့ ကျနော့်ရဲ့ အသက်
ဘဝ နှလုံးသားတစ်စုံပါ။"Kit--"
ရင်းနှီးပြီးသား နာမ်စားလေးတစ်ခုကို
နှုတ်က မဝင့်မရဲ ခေါ်လိုက်မိချိန် အံ့သြမှုတွေနဲ့
တန်ပြန်အကြည့် ကတော့ ခါးသက်နေပါတယ်။
သို့သော် ကျနော့်နားထဲ ခပ်တိုးတိုး လေသံလေး
နဲ့ကြားလိုက်ရတဲ့ စကားသံလေးက ကမ္ဘာပေါ်မှာ
အချိုမြိန်ဆုံး ပါပဲ~"P'kong--"
ကျနော့်ရှေ့က လှည့်ထွက်ဖို့ပြင်နေတဲ့ သူလက်ကို
လှမ်းဆွဲလိုက်ပြီး~"နေပါဦး kit
P kit နဲ့ပြောစရာတွေအများကြီးရှိတယ်
ရှင်းပြစရာတွေလဲရှိတယ် --ပြီးတော့-""ကျနော့်လက်ကို လွှတ်ပါ p
ကျနော့် နာမည် kit မဟုတ်ဖူး "arthit"
ပြီးတော့ ကျနော်က bar မှာအလုပ်လုပ်နေတဲ့
ယွကျားပျက်တျောက်မဟုတ်လို့ အခုလို အပြုမူ
မျိုးတွေနဲ့ မဆက်ဆံပါနဲ့
ဒါ ကျနော့်အလုပ်ချိန်ပါ "ဆုပ်ကိုင်ထားတဲ့ကျနော့်လက်ကို ခါချပြီး
ဆိုင်နောက်ဘက်ကို ဝင်သွားတဲ့သူ့ကျောပြင်လေး
ကိုငေးကြည့်ရင်း ရင်ထဲလှိုက်တတ်လာတဲ့ ဝမ်းနည်းမှုတွေက မျက်ရည်အဖြစ်ပါးပြင်ပေါ်သို့
စီးကျလာခဲ့တယ်။ ကို့ ကိုအဲ့လောက်တောင်
စိတ်နာ သွားပြီလား kit ရယ်။ မထင်ခဲ့ဖူး~ သူ
ကျနော့်ကို ဒီလိုဆက်ဆံလိမ့်မယ်လို့။ ဒါပေမယ့်
ကျနော် ကျေနပ်ပါတယ် ~ သူ့လက်ပေါ်က နာရီ
က ဖွင့်မပြတဲ့ ခံစားချက်တွေရဲ့ တံခါးပေါက်ဆို
တာ ကျနော်သိထားတယ်လေ!!Arthit POV:
တဒိန်းဒိန်း ခုန်နေရင် ကျနော့်ရဲ့ရင်ခုန်သံတွေကို
သူမကြားအောင် ထိန်းရင်း ဆိုင်နောက်ဘက်ကို
အပြေးဝင်လာလိုက်တယ်။ကျနော် တမ်းတရတဲ့
သူ့ရဲ့ အငွေ့သက်နဲ့အထိတွေ့ တွေကို အံတုပြီး
တုံ့ပြန်လိုက်ရလို့ ဝမ်းနည်းနေတဲ့ ကျနော့်နှလုံးသားကိုလဲ မုန်းတီးပါတယ်။ ဆိုင်
အတွင်းဘက် တံခါးကို မှီရင်း သက်ပြင်းရှည်
တစ်ခု ချလျက်~" ကျနော့်ဘဝကို လွတ်မြောက်
ခွင့်ပေးပါ p ရယ်။နောက်ထပ်ဆိုတဲ့ ကံကြမ္မာဆိုး
နဲ့သာ ထပ်တွေ့ရရင် ကျနော်ရူးသွားလိမ့်မယ်။
ကျေးဇူးပြုပြီး ကျနော့်ရင်ကို တစ်ခါပဲ ခွဲပါ
ထပ်ခါထပ်ခါ မခွဲပါနဲ့ ~ နောက်ထပ်လဲ မယုံကြည် ပါရစေနဲ့ "
စီးကျလာတဲ့ မျက်ရည်တစ်ချို့ကို မာန်ပါပါနဲ့သုတ်
လိုက်ပြီး အလုပ်အပေါ်အာရုံစိုက်ဖို့ကြိုးစားလိုက်
ပေမယ့် သူနဲ့မျက်နှာချင်းမဆိုင်ရဲလို့ ဆိုင်ရှေ့
မထွက်ရဲပေ။ တံခါးကွယ်မှ ဆိုင်အရှေ့ဘက်
သို့ ချောင်းကြည့်လိုက်တော့ ~ သူမရှိတော့ပေ။
"ဒီတစ်ခါလဲ ပျောက်ချင်းမလှပျောက်သွားပြန်ပြီလား
P'kongpop ဒါနဲ့များဘာလို့ ကျနော့်ရင်ခုန်
သံတွေကို လှိုင်းထအောင်လုပ်သွားရတာလဲ
လမ်းကြုံလို့ စ နောက်သွားတာလား p "
YOU ARE READING
11:11 (Completed)
Romance11:11 ~~~~~ မိဘမဲ့ဂေဟာကနေ ကြီးပြင်းလာတဲ့ Arthit ဆိုတဲ့ကောင်လေး ပြည့်တန်ဆာ မိန်းမကြီးတျောက်ရဲ့ မွေးစားခြင်းကိုခံရပြီးနော် သူ့ဘဝ ~~~~ အချစ်နဲ့ဘဝကိုအလဲထပ်လုပ် ပြီး ရွေးချယ်ခဲ့သော်လဲ ချစ်သူရဲ့စွန့်ပြစ်ခြင်း ကိုခံလိုက်ရဲ့ကောင်လေး kongpop Playboy ကောင်...