p-2

3.5K 156 3
                                    

11:11 (p-2)

Kong POV:

ကောင်တာမှာ မှာစရာ ရှိတာ မှာပြီး
ဆိုင်ရဲ့ထောင့်စွန်းဝိုင်းမှာ သွားထိုင်လိုက်တယ်
ခနကြာတော့ waiter ကောင်လေးက
ဝီစကီနဲ့ရေခဲပုံး လာချပေးတာနဲ့
ကျွန်တော် အရက်တွေကို တစ်ခွက်ပြီးတစ်ခွက်
ငှဲ့သောက်နေလိုက်တယ်

"အဲ့လိုတွေသောက်နေရင်အမြည်းလာချတဲ့
အချိန် p မှောက်နေလောက်ပြီ "

ကျွန်တော့်ပုခုံးပေါ် လက်လာတင်ပြီး
ခပ်ချွဲချွဲအသံနဲ့ပြောလာတဲ့လူကို
မျက်မှောင်ကျုံ့ပြီး မော့ကြည့်လိုက်တယ်

"အဲ့တာ မင်းနဲ့ ဘာဆိုင်လဲ "

ပြောပြီးတာနဲ့ ကျွန်တော့်ပုခုံးပေါ်က သူ့လက်ကို ဖယ်လိုက်ပြီး ခေါင်းငုံကာ
အရက်ဆက်သောက်နေလိုက်တယ်

"P ကိုကြည့်ရတာ ရင်တွေပူလိုက်တာ
တျောက်ထဲအထီးကျန်နေရင် kit အဖော်ပြု
ပေးလို့ရတယ်နော် သိလား! "

ပြောပြောဆိုဆိုနဲ့ပဲ ကျွန်တော့်ဝိုင်းထဲ ဝင်ထိုင်ပြီး သူကိုင်လာတဲ့ဖန်ခွက်အလွတ်ထဲကို
စားပွဲပေါ်က အရက်နဲ့ရေခဲ
ယူပြီးထည့်နေလိုက်တာ သူ့လက်သူ့ခြေနဲ့

"မင်းကိုဘယ်သူက တိုက်တယ် ပြောလို့လဲ"

"အဖော်ပြုပေးတဲ့လူကို အရက်လေးတစ်ခွက်
တောင်မတိုက်ချင်ဖူးလား
ဟွန့်! တွန့်တိုလိုက်တာ "

ကောင်လေးတျောက် ကျွန်တော့်ထက်
2နှစ် 3နှစ်လောက် ငယ်လိမ့်မယ်
အသားကဖြူဖွေးပြီး သူ့မျက်နှာလေးက
တကယ့်ကို sweet
ပါးချိုင့်လေးနဲ့နှုတ်ခမ်းလေးကလဲ
ထော်နေသေးတယ်
ကျွန်တော်က အရက်မတိုက်လို့ နှုတ်ခမ်းကို
ထော်ပြီး ခပ်ချွဲချွဲပြန်ပြောနေပုံက ယွကျားလေး
လား မိန်းခလေးလား မသဲကွဲလို့
ကျွန်တော် ပြူးပြဲပြီး ကြည့်နေမိလောက်အောင်ပဲ "

"ဘာလို့ လူကိုအဲ့လောက်တောင် ဆိုက်ကြည့်
နေရတာလဲ
ဒီ့ထက်ပိုပြီး ထင်သာမြင်သာ မြင်ချင်ရင်
တခြားနေရာ သွားလို့ရတယ်နော်"

မွ -------
Ohh my god!

ကျွန်တော်ခေါင်းနပန်းကြီးသွားတယ်
မျက်စိတစ်ဖက်မှိတ်လျက် မွ- ဆိုပြီးလုပ်ပြနေ
တဲ့ပုံစံက ကျွန်တော့်ရင်တွေကိုအတိုင်းဆ
မရှိခုန်နေစေတယ်

11:11 (Completed) Where stories live. Discover now