p-23

1.9K 108 6
                                    

11:11 (p-23)

Arthit POV:

"Can u merry me?"

ဒါက လက်ထက်ခွင့်တောင်းတဲ့စာလား
ကျနော့်အတွက် ကြိုးမိန့်ချတဲ့ အမိန့်စာလား
မသဲကွဲနိုင်ခဲ့ပါ။အသည်းသန်ပဲ ဘေးဝဲယာ
ကိုကြည့်မိချိန် အရိပ်ယောင်တောင်မတွေ့ရ
တော့ ရင်ထဲ စို့နစ်မိတယ်
"ကစားချင်ရုံ သက်သက်ပဲ ပေါ့"
သူက အခုထိ ကျနော့်ကို အိပ်ယာပေါ်က ခန္ဓာကိုယ်တစ်ခုလို မြင်နေတုန်းလား !
လုပ်ချင်ရာလုပ်မယ်~ ဆက်ဆံချင်သလိုဆက်ဆံမယ်~
ငါထားခဲ့ရင် နေခဲ့ရမယ်~ငါ ပြန်ခေါ်ရင် လိုက်ခဲ့ရမယ်လို့ သူတွေးထားပုံပဲ
ကျနော့် ခန္ဓာကိုယ်က ဈေးပေါပေမယ့်
ကျနော့် အချစ်ကအဲ့လောက်ဈေးမပေါဖူးဆိုတာ
ခဗျားသိရင်သိပ်ကောင်းမယ် !!

"Arthit ခွက်တွေမြန်မြန်သိမ်းလေ
နောက်မှာလုပ်စရာတွေရှိသေးတယ်ကွ "

"Khap "

မန်နေဂျာရဲ့ သတိပေးသံကြောင့် ကော်ဖီခွက်တွေ
မြန်မြန်သိမ်းလိုက်ကာ ဆိုင်အတွင်းသို့ဝင်လာခဲ့
လိုက်သည်။ ဦးနှောက်ထဲမေးခွန်း အထပ်ထပ်နဲ့
တနေ့တာဟာ ခက်ခဲလွန်းလှပါတယ်။ နားချင်
နေပြီ ~ ချစ်တဲ့သူရဲ့ရင်ခွင်မှာ အချစ်သက်သက်
ဘာလှည့်ဖျားမှုမှမပါပဲ နားချင်နေပြီ ။ ကျနော့်
ဘဝက ပင်ပန်းမှုတွေနဲ့နှလုံးသားက လဲ လျော့ရွဲ
နေတော့ ကံကြမ္မာရဲ့ ရိုက်ခက်မှုဟာ တစ်ကြိမ်
ဆို တစ်ကြိမ်အထိနာလှပါတယ်။ကျေးဇူးပြုပြီး
ကျနော့် အနားကို ထပ်မလာပါနဲ့ ~~~

Kong POV:

ကျနော့်စာကို ဖတ်ပြီး ဖစ်သွားတဲ့ သူ့မျက်နှာရဲ့
အံ့သြမှုနောက်မှု ကျနော်သဘောမကျတဲ့ ခက်ထန်တဲ့အကြည့်တွေ ကပ်ပါနေပါတယ်။
နှုတ်ခမ်းပါးပါး ကိုခပ်တင်းတင်းစေ့ထားရင်း
အောက်နှုတ်ခမ်းကို ကိုက်လိုက်တဲ့ သူ့အပြုမူက
ကျနော့်ကို ထိပ်လန့်စေတယ်။ ဘာလို့လဲ kit
ရယ်။ ဆိုင်ထဲဝင်သွားတဲ့ သူ့ကျောပြင်လေးကို
ငေးကြည့်ရင်း ကျနော့်အတွေးတွေကိုလဲ ဖြတ်တောက်လိုက်ကာ ကားစက်နိုးလိုက်ပြီး
ကုမ္ပဏီ သို့ထွက်လာလိုက်ပါတယ်။ ချစ်ရသူရဲ့
အလိုမကျတဲ့ အကြည့်တစ်ချက်ဟာ ကျနော့်
တနေ့တာကို ကောင်းကောင်းပူလောင်စေတဲ့
မီးစာတစ်ခုလို  ပြန်တွေးတိုင်း ပူ ~ မြင်ယောင်မိတိုင်း ပူ ~ သတိရတိုင်း ပူနေတော့
တာပါပဲ ။

11:11 (Completed) Where stories live. Discover now