p-22

1.8K 114 7
                                    

11:11 (p-22)

Kong POV:

မှန်ကန်တဲ့ဖြစ်ပျက်မှုတွေက ကျနော့်ဘဝကို
အဓိပ္ပါယ်မဲ့တဲ့ရက်စွဲတွေဆီမှ ကယ်တင် လိုက်သလိုပါပဲ။ သူက ကျနော့်အပေါ်မှာ သစ္စာရှိခဲ့တယ်။ သူက ကျနော့်အပေါ် ဘဝနဲ့
ရင်းပြီးချစ်ခဲ့တယ် ~ ယခုထိတိုင်ချစ်ဆဲ ပဲတဲ့။
ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။
ထိုအတွေးတို့နဲ့အတူ ကျနော့်ရဲ့ မနက်ခင်းဟာ
သာယာနေပြီး ထုံးစံ အတိုင်း coffee shop ကိုသွားဖို့ပြင်ဆင်နေတဲ့ခြေလှမ်းတွေကလဲ
တတ်ကြွလျက်ပါ။ မဆိုင်းမတွ ပဲ အိမ်ပေါ်ထပ်မှ
ဆင်းလာပြီး အောက်ထပ် ဧည့်ခန်းကို အဖြတ်
လှမ်းခေါ်လိုက်တဲ့ မားရဲ့အသံကြောင့် ကျနော့်
ခြေလှမ်းတွေ ရပ်တန့်သွားတယ်။

"သား kong ကုမ္ပဏီ သွားတော့မလို့လား
မနက်စာ စားသွားဦးလေ"

မားရဲ့ အသံကြောင့် ဧည့်ခန်းကို လှမ်းကြည့်မိတော့ သတင်းစာဖတ်နေရင်း
အလိုမကျတဲ့ မျက်လုံးတွေနဲ့ ကျနော့်ကို လှမ်း
ကြည့်နေတဲ့ ပါး ။ ခြေလှမ်းတွေကို အနဲငယ်
နောက်ဆုတ်လိုက်ပြီး ဧည့်ခန်းထဲသို့ ဝင်သွား
လိုက်ကာ မားရဲ့ဘေးနား ကပ်ထိုင်လိုက်သည်။

" မစားတော့ဖူး မား။  aim နဲ့ coffee shop မှာ ချိန်းထားလို့"

ကျနော့်ရဲ့ စကားအဆုံးမှာ ပြန်ကြားလိုက်ရ
တဲ့ ပါးရဲ့ စကားအတွက် ကျနော့်မှာ အဖြေမရှိခဲ့!

"Aim နဲ့ ဟုတ်လို့လား
မင်းဒီရက်ပိုင်းတွေ coffee shop ကိုခနခန
သွားတယ်တဲ့! ပြီးတော့ ကုမ္ပဏီ ကိုလဲ လာချင်တဲ့အချိန်တွေလာပြီး ပြန်ချင်တဲ့အချိန်တွေ
ပြန်နေတယ်တဲ့။ မင်းဘာတွေလုပ်နေတာလဲ
Kongpop Suthiluck ! အလုပ်နဲ့ အချိန်
ကိုမလေးစားတာ ငါ့ကိုစော်ကားတာနဲ့အတူတူပဲ။
ကုမ္ပဏီရဲ့ CEO က စပြီး အကျင့်ပျက်နေရင်
မင်းရဲ့ လက်အောက် က လူတွေ မင်းကို
ဘယ်လိုလေးစားမလဲ ဟမ် ပြောလေ ဟျောင့် "

"CEO က ကျနော်မဟုတ်ပါဖူး ပါး ပါ
ကျနော်က ဆက်ခံသူ သက်သက်ပဲ !
ခုချိန်ထိ ကျနော့်ကို အမိန့်တွေ ဘောင်တွေထဲ
မှာ ထားချင်နေတုန်းလား ။
နောက်ကွယ်ကနေ check in မလုပ်
ပါနဲ့ ပါး ။ ကျနော်ကလေးမဟုတ်ဖူး "

11:11 (Completed) Where stories live. Discover now