"ရောက်ပီ daddy သား အခုပဲရောက်တာ . .daddyရော တက်တော့မှာလား ဟုတ်ကဲ့ စိတ်ချပါ daddy ရဲ့ . . ဟုတ် ဘိုင့်ဘိုင်"
ဟင်း. . . သူ သက်ပြင်းချလိုက်ရင်း ခုတင်ပေါ် လှဲချလိုက်ကာ စဉ်းစားမိသည် . . .ဒီညီအမ နဲ့ သူက ဘယ်လိုရေစက်လဲ . . သူ နဲ့ အသက်အရွယ်မတူလို့ သူငယ်ချင်း မဖြစ်ချင်ဘူးဆိုတဲ့ အဲ့ဒီသက်ကြီးပုနဲ့ သူနဲ့ အခုတစ်အိမ်တည်းနေရသတဲ့
ဒေါက်ဒေါက်. . 😂
"လာပြီ "
သူ တံခါးဖွင့်လိုက်လျှင် တံခါးရှေ့မှာ ရပ်နေတာက ဒေါ်သီရိမေ. . . အခန်းတံခါးဖွင့်ရင်း လူက အပြင်ထွက်လာလိုက်တာမို့ သူနဲ့သူမ ပုံမှန်အနေအထားထက်ပို နီးကပ်သွားလျှင် အမယ် ဘွားတော်က သူ့ထက်ခေါင်းတစ်လုံးလောက်ပုတာပဲ အဲ့ဒါကြောင့်ဒင်းက စကားပြောရင် ဝေးဝေးကပဲပြောတာ😌
သူမက နောက်ကို ခြေတစ်လှမ်း လောက်ပြန်ဆုတ်ပြီး
"မုန့်စားလို့ရပီတဲ့ မစားရသေးရင် လာခဲ့တဲ့ စားရအောင်"
ပြောတာကိုက သူများပြောခိုင်းလိုက်တာကို သိသာအောင်ပြန်ပြောနေတာ တွေ့လား ဒင်းလူမှုရေးမရှိပုံများကတော့
"ဟုတ်ကဲ့ မမ"
သူ စကားပြောပြီးတာကို တောင်မစောင့်ဘဲသူမ လှည့်ထွက်လာခဲ့သည်
----------------------------------------
"ဟို တကယ်တော့ သား က စားခဲ့ပီးပီ မမစုရဲ့ သား ရင်းရင်းနှီးနှီး ဖြစ်သွားအောင် လာခဲ့တာ "
"Coffee လေးတော့သောက်လေ မေ နဲ့ မမက စားနေပီး သားကျတော့ ဒီအတိုင်းထိုင်နေတာ အားနာစရာကြီး သားလို့ပဲခေါ်လို့ အဆင်ပြေတယ်မလား"
"ဟုတ်အဆင်ပြေပါတယ် ခေါ်ပါမမစု ရပါတယ် "
မမစု က ဧည့်ခံနေသော်လည်း ထိုဘွားတော်က တစ်ချက်မှ မဟ ပြောစရာစကားကလဲ အခုမှ ရှားပါးလိုက်တာ